
ကလေးအုပ်စုတစ်သိုက်ကို အခြေတည်ပြီးရိုက်ကူးထားတဲ့ရုပ်ရှင်တွေ ပရိတ်သတ်ကြီးတို့ကြည့်ဖူးကြမှာပါ....stranger things တို့ဘာတို့ပေါ့။ ဒီတစ်ခေါက်ကလေးအုပ်စုကတော့ ယောကျ်ားလေးမပါဘဲ မိန်းကလေး တွေချည်း အစွမ်းပြထားတဲ့ရုပ်ရှင်ပါ။ ကဲစိန်တို့ ဂျက်မတို့ပေါ့ဗျာ။ ဖိုက်ရ တာကတော့ လူ့ခန္ဓာ၊ တိရစ္ဆာန်ခန္ဓာကို ကပ်ပါးလုပ်နေတဲ့ ဖုတ်လိုလို ဖွတ် လိုလိုတုတ်ပြားသံကောင်တွေနဲ့ပါ။ မိန်းကလေးချည်းဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကျားကျားယားယား မိန်းမသားအဖွဲ့က သေနတ်ပစ်တတ်တဲ့သူနဲ့ လက်ရဲဇက်ရဲရှိတဲ့သူနဲ့ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပါပဲ။ သူတို့နေတဲ့ရွာလေးက တောခေါင်သလိုဖြစ်နေလို့ မမတို့အဖွဲ့က သိပ်မကျေနပ်ကြပါဘူး။ တစ်နေ့ကျ လှေခိုးမောင်းပြီး အကဲလွန် ရာကနေ ဝက်ဝံတစ်ကောင်နဲ့တွေ့ပြီး တစ်အုပ်စုလုံး မသာပေါ်တော့မလို့ပါ။ သူတို့နဲ့မတော်တဆတွေ့မိတဲ့ ဝက်ဝံကနေ သူတို့ရွာလေးကို ဘယ်လိုအန္တရာယ် တွေကျရောက်လာမလဲ။ ကျားကျားယားယားမိန်းမသားမမလေးတို့အဖွဲ့က ဘယ်လိုပြန်ဆော်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Ngwe Zin, Khant Sett Naing တို့ဖြစ်ပါတယ်) File Size..........(1.43 GB) / (600 MB) / (342 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........1h 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Horror, Sci-Fi Translator.......Ngwe Zin, Khant Sett Naing Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.43 GB | Download | |
| 720p | 600 MB | Download | |
| 1080p | 1.43 GB | Download | |
| 720p | 600 MB | Download |
ထုတ်လွှင့်သည့်နေ့
June 24, 2022
ကြာချိန်
1h 27m
အဆင့်သတ်မှတ်ချက်
5.8 / 10
Director
Nyla Innuksuk