
ဒီဇာတ်ကားလေးမှာ ဂြိုလ်သားတွေနဲ့ သူတို့ကိုလိုက်လံသုတ်သင်နေတဲ့ ဂြိုလ်သားရဲ့ကြားမှာ ဓားစာခံဖြစ်သွားတဲ့ ဂန်နီဆန်မြို့လေးအကြောင်းကို ရင်ဖိုစိတ်လှုပ်ရှားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ ထူးဆန်းတဲ့ အာကာသယာဉ်တစ်ခု ဂန်နီဆန်မြို့လေးရဲ့ တောအုပ်ထဲကို ပျက်ကျပြီးတဲ့နောက်မှာ မြို့သားတွေရဲ့ ကံကြမ္မာဟာ စိတ်မကောင်းစွာပဲ အဆိုးဆံုးပြောင်းလဲသွားပါတော့တယ်။ ဂြိုလ်သားတွေရဲ့ သိမ်းပိုက်မှုနဲ့တိုက်ပွဲကြားမှာ အသက်ရှင်ဖို့ မြို့သားတွေက ဘယ်လိုသက်စွန့်ဆံဖျား ရုန်းကန်ကာကွယ်သလဲဆိုတာကို သည်းထိတ်ရင်ဖိုစွာနဲ့စောင့်ကြည့်ရမှာပါ။ ဒါ့အပြင် နိုင်ငံရေးအလှည့်အကွက်တွေကိုလဲ ပီပြင်စွာဖော်ပြထားတာကြောင့် ဒီဇာတ်ကားကောင်းလေးကို ခံစားကြည့်ရှုလိုက်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Su Myat မှ တင်ဆက်ထားပါတယ်။) Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/ ကြည့်ပါ။ File size…(1.6 GB)/(830 MB) Quality…BluRay Unrated 1080p HEVC/720p Format…mkv/mp4 Duration….01:41:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Su Myat