
Haunters (2010) ***************** IMDb….. 6.3 ဒီတစ်ခေါက်မှာတော့ ၂၀၁၀ခုနှစ်မှာပြသခဲ့တဲ့ Action, Sci-fi ရုပ်ရှင်ကား Hauntersနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဓိကဇာတ်ကောင်အနေနဲ့ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Gang Dong Won နဲ့ Go Soo တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကားသင်္ချိုင်းမှာ အလုပ်လုပ်နေတဲ့ အင်ဂယူနမ် (Go Soo)က တစ်နေ့မှာ အလုပ်ပြုတ်ပြီး ယူထိုပီးယားလို့ခေါ်တဲ့ ချေးငွေလုပ်ငန်းတစ်ခုမှာ အလုပ်ရသွားခဲ့တယ်။ အင်ဂယူနမ်က ရိုးသားကြိုးစားပြီး သဘောကောင်းသူမို့ ဆိုင်ရှင်သူဌေး ဂျောင်ရှစ် (Byeon Hie-Bong)၊ ဆိုင်ရှင်ရဲ့ သမီးဖြစ်သူ ချွဲယောင်းဆု (Jung Eun-Chae)နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့အပြင် ကားသင်္ချိုင်းမှာ အတူတူလုပ်ခဲ့တဲ့ သူငယ်ချင်းတွေနဲ့လည်း ရင်းရင်းနှီးနှီးနေတဲ့သူပေါ့။ တစ်ဖက်မှာတော့ သူတစ်ပါးစိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ချိုအင် ( Gang Dong Won ) က ကလေးဘဝထဲက အိမ်တွင်းအကြမ်းဖက်မှုကြောင့် အဖေဖြစ်သူကို ကိုယ်တိုင်သတ်ခဲ့တဲ့ စွမ်းအားရှင်တစ်ယောက်ဖြစ်တယ်။ လူထူးလူဆန်းလို့ သတ်မှတ်ပြီး လူတွေနဲ့အဝေးမှာနေတဲ့ ချိုအင်ကတော့ စိတ်စွမ်းအားကိုသုံးပြီး ချေးငွေလုပ်ငန်းရှင်တွေဆီက ပိုက်ဆံတွေကိုယူပြီး ပြစ်မှုကျူးလွန်နေခဲ့တာဖြစ်တယ်။ တစ်နေ့မှာတော့ အင်ဂယူနမ်တို့ ဆိုင်ကို ရောက်လာပြီးဆိုင်ရှင်သူဌေးကို သတ်ပြီး အင်ဂယူနမ်ကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်။ ဆိုင်ရှင်သူဌေးသေသွားရတာကြောင့် အင်ဂယူနမ်က ချိုအင်ကို ဖမ်းဖို့ ကြိုးစားတဲ့အခါမှာတော့… စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့ ချိုအင်ကို အင်ဂယူနမ်တစ်ယောက် အနိုင်ယူတိုက်ခိုက်သွားနိုင်မှာလား… အင်ဂယူနမ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာကိုတော့ ကြည့်ရှုလိုက်ရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Stary ပဲ ဖြစ်ပါတယ်။) File Size : 1.63GB/ 700MB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…01:48:36 Genre : Action, Drama, Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Tiff
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 700MB | Download | |
| 720p | 700MB | Download | |
| 720p | 700MB | Download | |
| 720p | 700MB | Download | |
| 720p | 700MB | Download |
ထုတ်လွှင့်သည့်နေ့
November 10, 2010
ကြာချိန်
1h 54m
အဆင့်သတ်မှတ်ချက်
6.3 / 10
Director
Kim Min-suk