
IMDb rating 6.5/10 ရရှိထားပြီး 2004 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ပေးလိုက်ပါတယ်။ အာတိတ်ဒေသမှာသုတေသနလုပ်နေတဲ့ ပါမောက္ခ ဂျက်(ခ်)ဟော(လ်) နဲ့အဖွဲ့ဟာ ရာသီဥတု ဖောက်ပြန်ပျက်စီး မှု တစ်ခုကို အမှတ်မထင် ကြုံတွေ့ခဲ့ရတယ်။ ဒါကို နယူးဒေလီ မှာပြုလုပ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်တဲ့ နှီးနှော ဖလှယ်ပွဲတစ်ခုမှာ ဂျက်(ခ်) ကိုယ်တိုင်ပြောပြခဲ့ပေမဲ့ ဘယ်သူကမှ အလေးမထားခဲ့ကြပါဘူး။ နောက်ပိုင်းမှာ ရေကြောင်းပြ ဗော်ရာ တွေမှာ အပူချိန်ကျဆင်းလာတာကြောင့် ပါမောက္ခ ရပ်ဆန် လည်း သတိထားမိခဲ့ပြီး ဂျက်(ခ်) နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ရာသီဥတု ဖောက်ပြန်ပျက်စီးမှုက တစတစ ပိုမိုဆိုးရွားလာခဲ့ပေမဲ့ ဂျက်(ခ်) ရဲ့ သတိပေးမှုတွေကို တာဝန်ရှိသူတွေက လျစ်လျူရှုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ မြောက်ကမ္ဘာခြမ်းတစ်ခုလုံးကို ရေခဲအတိ ဖုံးလွှမ်းသွားစေခဲ့တဲ့ တစ်ခါမှ မကြုံခဲ့ဖူးတဲ့ ကုန်းတွင်းပိုင်း ဟာရီကိန်း မုန်တိုင်းဒဏ်ကို ပြည်သူတွေအလူးအလဲ ခံစားခဲ့ပါတယ်။ အခက်အခဲ အမျိုးမျိုးရှိနေတဲ့ကြားထဲမှ ဂျက်(ခ်) တစ်ယောက် နယူး ယောက်(ခ်) မှာ ရှိနေတဲ့ သူ့ရဲ့သားကို ကယ်တင်ဖို့ ကြိုးစားခဲ့ပုံသူတတ်စွမ်းသမျှ ပြည်သူတွေကို ကယ်တင်ပေးခဲ့ပုံတွေကိုရှုစားကြရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းရေးသားပေးသူကတော့ Carey Nyein ပဲဖြစ်ပါတယ်။) File size…(5.5 GB)/(2 GB)/(1 GB) Quality….Blu-Ray/BrRip 4K HEVC/1080p / 720p Format… mp4 Duration…. 02:04:00 Genre… Disaster, Survival, Action, Adventure, Sci-Fi, Thrilller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myo Min Aung (MMA)