
Star Trek franchise မှာ ဂြိုဟ်တွေ ဂြိုဟ်တွေအတွက် အရေးကြီးတဲ့ turning point တစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ ဂြိုဟ်တစ်ခုပေါ်မှာ ဖြစ်ပေါ်လာတဲ့ Civilization တစ်ခုခုဟာ သူ့အလိုအလျောက် ဆင့်ကဲတိုးတက်လာပြီး အလင်းလွန်နှုန်းစက်ဖြစ်တဲ့ warp drive ကို တီထွင်နိုင်ချိန်ပါပဲ။ Warp အချက်ပြတွေကို Federation ရဲ့ တာဝေးဆန်ဆာတွေကနေ ထောက်လှမ်းမိတဲ့အခါ အဲဒီဂြိုဟ်ကို သံတမန်တွေကို စေလွှတ်ပြီး Federation ထဲဝင်ဖို့ ကမ်းလှမ်းပါတယ်။ အဲဒီလို ပထမဆုံး စဆက်သွယ်တဲ့နေ့၊ အချိန်ကို First Contact လို့ ခေါ်ပါတယ်။ ဇာတ်လမ်းအရ ကျွန်တော်တို့ ကမ္ဘာကြီးကလည်း Federation နဲ့ First Contact နေ့ဆိုတာ ရှိခဲ့ပါတယ်။ တတိယကမ္ဘာစစ်ကြီးပြီးလို့ ပြာပုံထဲကနေ ရုန်းထလာခဲ့တဲ့ ကမ္ဘာဟာ 2063 ခုနှစ်၊ ဧပြီလ 5 ရက်နေ့မှာ ပထမဆုံး Warp Drive ကို စတင်မောင်းနှင်နိုင်ခဲ့တဲ့အတွက် Federation ကနေ ထောက်လှမ်းမိပြီး လာပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဂလက်စီကြီးရဲ့ Delta quadrant ကနေ ကြီးထွားလာတဲ့ Borg ဆိုတဲ့ ဆိုက်ဘာနက်တစ် သက်ရှိအုပ်စုကြီးက Federation ကို စတင် ကျူးကျော်တိုက်ခိုက်လာပါတယ်။ ကမ္ဘာကိုလည်း မျက်စိကျနေတဲ့အတွက် ဒီတိုင်းတိုက်ရင် မနိုင်နိုင်လို့ အချိန်ခရီးသွားပြီး အတိတ်က ကမ္ဘာရဲ့ First Contact နေ့ကို ဖျက်ဆီးဖို့ အားထုတ်လာပါတော့တယ်။ ဒီလို အဖျက်အမှောင့်လုပ်ရပ်ကို ယခင် Borg တွေရဲ့ သိမ်းသွင်းခြင်းကို ခံခဲ့ရသူ၊ ခေတ်အမီဆုံး အာကာသယာဉ်ကြီး အင်တာပရိုက်စ်ရဲ့ ကပ္ပတိန် ပစ်ကာ့က ဘယ်လိုတားဆီးမလဲဆိုတာ ကြည့်ရှုလိုက်ပါဦး။ File size…(2.03GB) / (1.5GB) / (1.0B) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:51:00 Genre...Action / Adventure / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by EL Moh
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |
ထုတ်လွှင့်သည့်နေ့
November 22, 1996
ကြာချိန်
1h 51m
အဆင့်သတ်မှတ်ချက်
7.3 / 10
Director
Jonathan Frakes