
ဒီကားလေးဟာ ၂၀၁၆ တုန်းကထွက်ထားပြီး rating 6.7 IMDb ရထားတဲ့ Horror ကားလေးပါ။ ကမ္ဘာပေါ်မှာ ရောဂါကပ်ဆိုးကြရောက်တဲ့အခါ ဖြေဆေးထုတ်ဖို့ စမ်းသပ်ခံရတဲ့ ကောင်မလေး မယ်လန်နီ နဲ့ သူ့ကိုစာသင်ပေးတဲ့ ဆရာမ ဂျက်စတင် တို့ကြားက သံယောဇဉ် ကူးစက်ခံရတဲ့သူတွေရဲ့ ဘဝကို ဇာတ်အိမ်ခိုင်ခိုင် ရိုက်ထားတာပါ။ ရောဂါကူးစက်ခံရတဲ့သူတွေကို ဆာလောင်သူတွေလို့ ခေါ်ကြတယ်... မြေအောက်ခမ်းထဲမှာ ပိတ်ထားပြီး စမ်းသပ်ခံရတဲ့ ကလေးတွေထဲမှာ မယ်လန်နီ ကအတော်ဆုံး ဥာဏ်အကောင်းဆုံးပါ။ ဥာဏ်ကောင်းလွန်းတဲ့ မယ်လန်နီလေးကို သူ့ဆရာမက သဘောကျပြီး ခေါင်းလေးကို သွားပုတ်မိလိုက်တယ်။ မယ်လန်နီကလည်း ဆာလောင်သူတွေထဲက တစ်ဦးပါပဲ။ သူတို့က လူအနံ့ရတာနဲ့ ရောဂါထတော့တာပါပဲ။ နောက်တော့ အပြင်မှာရှိတဲ့ ဆာလောင်သူတွေကြောင့် ကာထားတဲ့ခြံစည်းရိုး ပျက်စီးသွားတယ် မြေကျင်းထဲမှာရှိနေတဲ့သူတွေအကုန်ထွက်ပြေးရတယ်.. ဖြေဆေးထုတ်ဖို့ ကြိုးစားနေတဲ့ ဒေါက်တာ ကာဝယ် ဆရာမ တပ်ကြပ်ကြီးနဲ့ သူ့ရဲဘော်တွေ နဲ့ မယ်လန်နီ တို့ ကားထဲအတူပါသွားကြတယ်။ မယ်လန်နီ က ဆာလောင်သူတွေထဲကတစ်ယောက်ဆိုတာ မမေ့လိုက်နဲ့ဦးနော် ပရိတ်သတ်ကြီး။ ကဲ မယ်လန်နီ က ရောဂါထဖောက်ပြီးပဲ သူတို့တွေကို စားပစ်လိုက်မလား ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ထိတ်လန့်ဖွယ်ရာကြည့်ရမယ့် Horror ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... Quality…..BluRay 1080p Duration…..01:51:00 Format…Mp4 File Size…(795 MB , 316 MB) Translator…..Hnin Oo Wai Encoder......Moe Myint Lwin
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
September 23, 2016
ကြာချိန်
1h 50m
အဆင့်သတ်မှတ်ချက်
6.5 / 10
Director
Colm McCarthy