
“ပြည့်စုံခြင်း”လို့ အဓိပ္ပါယ်ရတဲ့ ‘Perfection’ဆိုတဲ့တောင်ကြားမြို့သေးသေးလေးမှာ အားလ်နဲ့ဗဲလ်လင်တိုင်းတို့နှစ်ယောက်ဟာ လူတိုင်းက အားထားရတဲ့ ဘက်စုံရတွေပေါ့။ ပိုပြီးတိတိကျကျပြောရရင် အကုန်လုံးက အားထားရတဲ့ တောက်တိုမယ်ရတွေ၊ ပြည့်စုံခြင်းမြို့သေးသေးလေးမှာတော့ ပျော်မနေကြတဲ့ သူတွေ။ ဒီလိုနဲ့ တစ်ရက် သူတို့လုပ်စရာရှိတာသွားလုပ်ကြရင်း ငွေရတွင်းတစ်တွင်းကို မတော်တဆ သွားထိမိကြပါကော။ ဒါ့အတွက်ကြောင့်နဲပဲသူတို့တွေ အဲ့ဒီနေရာကနေ ငွေထုတ်ပိုက်ပြီး ထွက်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ကံကောင်းတာလား ကံဆိုးတာလားတော့မသိ… အားလ်တို့နှစ်ယောက် ထွက်သွားတဲ့နေ့ရောက်ခါမှ တွေ့လေရာနေရာတိုင်းမှာ အသိတွေ သေဆုံးနေတာကို ထူးထူးဆန်းဆန်းပဲ တောက်လောက် ကြုံလာရတော့တယ်။ သူတို့ လမ်းမှာဆုံခဲ့တဲ့ ရွန်ဒါဆိုတဲ့ မြေငလျင်ဗေဒကျောင်းသူလေးကလည်းဒီနေရာတဝိုက်မှာ ထူးဆန်းတဲ့ မြေငလျင်တိုင်းတာမှုတွေကိုခဏခဏ မှတ်တမ်းတိုင်းတာမိထားကြောင်းကိုလည်း ပြောထားလေရဲ့။ ဆိုတော့ ဒီလူတွေ အကြောင်းအရင်းမသိဘဲသေဆုံးနေကြရတာက ရွန်ဒါပြောတဲ့မြေတုန်ခါမှုတွေနဲ့များ သက်ဆိုင်နေသလား။ ဒီမေးခွန်းရဲ့အဖြေကိုတော့ CMက တင်ဆက်ပေးလိုက်တဲ့ (၁၉၉၀)ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Horror/Comedy ဇာတ်ကား “Tremors”မှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ File size… 5.5 GB / 1.63 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 36m Genre ….. Comedy/Monster Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
January 19, 1990
ကြာချိန်
1h 36m
အဆင့်သတ်မှတ်ချက်
7.2 / 10
Director
Ron Underwood