
၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟောင်ကောင်အက်ရှင်ဟာသကားလေး တင်ဆက်ပေးချင်ပါတယ်။ Initial Dနဲ့ Internal Affairs ဇာတ်ကားတွေမှာ ပါဝင်ဖူးတဲ့ Edison Chenက ခေါင်းဆောင်ပါဝင်ထားသလို Jackie Chanနဲ့ Karen Mokတို့လည်း cameoအနေနဲ့ ပါဝင်ထားပါသေးတယ်။ အနာဂတ်ကာလမှာ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်တွေ ကမ္ဘာတစ်ဝန်းကြီးစိုးလာသလို သွေးစုပ်ကောင်နှိမ်နင်းရေး အဖွဲ့အစည်းတွေလည်း အများအပြား ပေါ်ထွက်လာပါတယ်။ ရိဗ်၊ ညီမဖြစ်သူ ဟယ်လန်နဲ့ပါတနာ ဂျစ်ပစီတို့ကလည်း သွေးစုပ်ကောင်မုဆိုးတွေပေါ့။ ဒီလိုနဲ့ သူတို့နေထိုင်ရာ ဟောင်ကောင်ကို ဥရောပနွယ်သွေးစုပ်ကောင်တွေ ရုတ်တရက်ရောက်လာကြပါတယ်။ သူတို့တွေ ရောက်လာရတဲ့အကြောင်းရင်းက သွေးစုပ်ကောင်သမ္မာကျမ်းစာအုပ်လို့ ပြောနိုင်တဲ့ "Day For Night"စာအုပ်ကို ဂိုဏ်းတွေလုရာမှ စတင်ခဲ့တာပါ။ ဒီစာအုပ်ရဲ့အစွမ်းကို ပိုင်ဆိုင်ဖို့လိုအပ်တဲ့အရာက မူလပိုင်ရှင်ဖြစ်တဲ့ တော်ဝင်မိသားစု မင်းသား၆ပါးရဲ့ သွေးပါ။ ဒီထဲကမှ ပဥ္စမမင်းသားဖြစ်တဲ့ ကာဇမ်က ဟောင်ကောင်ကို ရောက်လာပြီး ရိဗ်ရဲ့ ညီမလေးဟယ်လန်နဲ့ ရေစက်သွားဆုံပါတယ်။ ဒီလိုနဲ့ စာအုပ်အစွမ်းကို ပိုင်ဆိုင်ချင်တဲ့ ဥရောပမျိုးသွေးစုပ်ကောင်တသိုက်နဲ့ တစ်ဖက်က တော်ဝင်မင်းသားနဲ့ သွေးစုပ်ကောင်မုဆိုးတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဟာသအက်ရှင်ဆန်ဆန် ကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:43:00 Type__Action, Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9 GB | Download | |
| 720p | 950 MB | Download | |
| 1080p | 1.9 GB | Download | |
| 720p | 950 MB | Download |