
Zom 100: Bucket List of the Dead (2023) ဘဝမှာလူတိုင်းကတော့ ကိုယ်လုပ်ချင်တဲ့အရာတွေရှိကြမှာပါ။ ဆန္ဒနဲ့လက်တွေ့ထပ်တူမကျဘဲ ပင်ပန်းရုန်းကန်နေရတဲ့သူတွေလည်းရှိကြမှာပါ။ - တနင်္လာနေ့ရုံးမသွားချင်ဘူးဖြစ်နေလား - ဘယ်လောက်ပဲကြိုးစားကြိုးစား အထက်လူကြီးတွေရဲ့ အကောင်းပြောတာမခံရဘူးလား - အချိန်ပိုတွေဆင်းနေရပြီးပင်ပန်းလွန်းနေပြီလား - ကိုယ်တကယ်ဖြစ်ချင်နေတာ ဘာများလဲဆိုတာ ပြန်တွေးနေမိပြီလား - ဒီအချိန်မှာတစ်ကမ္ဘာလုံးဇွန်ဘီတွေဖြစ်သွားရင်ကောင်းမှာပါလို့ တွေးမိတဲ့သူတွေအတွက် တကယ်ပဲဖြစ်သွားတာကိုမြင်တွေ့ရမှာပါ တန်ဒိုအကီရာဆိုတဲ့ကောင်လေးတစ်ယောက် အလုပ်တွေဆက်တိုက်လုပ်၊ ပင်ပန်းနွမ်းနယ်ပြီး အလုပ်မသွားချင်ဖြစ်နေတဲ့ တစ်မနက်ခင်းလေးမှာ တစ်နိုင်ငံလုံးဇွန်ဘီတွေဖြစ်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။ အလုပ်မသွားရလို့ ပျော်နေတဲ့အချိန်မှာ အကြံဉာဏ်တစ်ခုရပြီး စာအုပ်တစ်အုပ်မှာ ဇွန်ဘီမဖြစ်ခင်လုပ်ရမည့်အချက် ၁၀၀ ဆိုပြီးစရေးခဲ့ပါတယ်။ သူ အဲဒီစာအုပ်ထဲကအတိုင်း လုပ်နိုင်ပါ့မလား အချက် ၁၀၀ ပဲ ပြည့်သွားမလား မပြည့်ခင်မှာဘဲ ဇွန်ဘီဖြစ်သွားမလား ရင်တမမနဲ့ကြည့်ရှုလိုက်ပါဦးနော် (ဒီကားက Manga ရော Anime ရော ထွက်နေဆဲဖြစ်ပြီး နိုင်ငံတကာမှာလည်း ပရိသတ်တွေများတဲ့ကားလေးဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်ရှူသင့်တဲ့ကားလေးပဲဖြစ်ပါတယ်) အညွှန်း နဲ့ ဘာသာပြန်ကာတော့ Mr.Kaung ပဲ ဖြစ်ပါတယ်။
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download | |
| 1080p | 2.3GB | Download | |
| 1080p | 2.3GB | Download |