
Resident Evil: Damnation (2012) IMDb Rating (6.4) / Rotten Tomatoes (100%) ဒီဇာတ်ကားကတော့ ပထမ Resident Evil animationရဲ့ဒုတိယကားဖြစ်ပြီး Degeneration အပြီးနဲ့ တိုက်ရိုက်ကိုချိတ်ဆက်ထားတာဖြစ်ပါတယ်။ ဟားဗတ်ဗေးလ်ဖြစ်ရပ်အပြီး ခွင့်နဲ့အနားယူနေတဲ့ လီယွန်တစ်ယောက် အစိုးရရဲ့အထူးဆင့်ခေါ်မှုနဲ့ အရှေ့ဆလဗ်သမ္မတနိုင်ငံကို မစ်ရှင်သွားရဖို့ ဖြစ်လာပါတယ်။ ဆလဗ်နိုင်ငံဆိုတာ ဆိုဗီယက်ပြည်ထောင်စုကနေ ကွဲထွက်လာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီးအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် UNနဲ့ EUတို့ရဲ့အသိအမှတ်ပြုတာကို လိုချင်နေတဲ့ နိုင်ငံငယ်တစ်ခုပါ။ ဒါပေမဲ့ ခွဲထွက်ပြီး လွတ်လပ်ရေးယူထားတဲ့ နိုင်ငံငယ်တို့ထုံးစံအတိုင်း အာဏာလုပွဲနဲ့ ပြည်တွင်းစစ်ပွဲတွေ ကပ်ပါလာခဲ့ပါတယ်။ အဲဒီလို ပြည်တွင်းစစ်ဖြစ်နေတဲ့ အစိုးရနဲ့ သူပုန်တွေကြားဇီဝလက်နက် ခေါ် ဗိုင်းရပ်ကူးစက်ခံသတ္တဝါဆန်းတွေကိုလက်နက်အဖြစ် အသုံးချနေတယ်ဆိုတဲ့ သတင်းကြောင့်ဒီအပိုင်းမှာ အထူးကျွမ်းကျင်တဲ့ လီယွန်အနေနဲ့ လျှို့ဝှက်စုံစမ်းစစ်ဆင်ရေးတစ်ခုကို လုပ်ဖို့ဖြစ်လာရင်း အဆိုပါသတ္တဝါကြီးတွေ၊ အဲဒါတို့ကို ထိန်းချုပ်ထားတဲ့ နှစ်ဖက်အဖွဲ့အစည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ JimX ဖြစ်ပါတယ်။) File size…(2.2 GB) / (910 MB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Animation,Horror Duration….01:40:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by JimX