
The Channel (2023) ~ Rotten Tomatoes - 67% ~ Crime, Thriller အမျိုးအစားကိုမှ ညီအကို မိသားစုသံယောဇဉ်တွေနဲ့ ဒရာမာပါးပါး ရောထည့်ထားတဲ့ Action ဇာတ်ကြမ်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ New Orleans မှာ အခြေတည်ပြီး ရိုက်ထားတာပါ။ ဂျိမ်းနဲ့ မစ်တို့ ညီအကို ၂ယောက်က Irish Channel မှာ ကြီးပျင်းခဲ့ပြီး အမေရိက မရိန်းတပ်ဖွဲ့က စစ်သားဟောင်းတွေဖြစ်ပါတယ်။ ဂျိမ်းက ဉာဏ်ပြေးပြီး ဆင်ခြင်နိုင်တဲ့ ညီဆိုရင် မစ်ကတော့ သွေးဆူလွယ်ပြီး ထိန်းချုပ်ရခက်တဲ့ အကိုလို့ပြောရမှာပါ။ စစ်ကထွက်လာပြီးတဲ့ နောက်ပိုင်းမှာလည်း ပြစ်မှုတွေ ကျူးလွန်ထားပါတယ်။ ဂျိမ်းမှာက ဘဏ်၀န်ထမ်း ဇနီး အေဗာ နဲ့ မွေးရာပါနှလုံးရောဂါသည် လသားအရွယ် သမီးလေးရှိပါတယ်။ နှလုံးခွဲစိတ်ဖို့ ကုန်ကျစရိတ်က ဈေးကြီးလွန်းတဲ့အတွက် ဘဏ်ခွဲတစ်ခုကို အဖွဲ့လိုက် ဓားပြတိုက်ရာကနေ ဇာတ်လမ်းစပါတယ်။ ဓားပြတိုက်တာက ထင်သလိုဖြစ်မလာဘဲ ရဲတွေရောက်လာတဲ့အတွက် ပိုက်ဆံတွေနဲ့အတူ သေလုမျောပါးထွက်ပြေးရပါတယ်။ နှစ်ဖက် အကျအဆုံးရှိပြီး အမှုက ကြီးတဲ့အတွက် New Orleans ရဲတပ်ဖွဲ့နဲ့ FBI နှစ်ဖွဲ့ပေါင်းပြီး တရားခံတွေကို ဖမ်းဖို့ စီစဉ်ပါတော့တယ်။ FBI ရဲ့ အထူးအေးဂျင့် ရော့စ်က သတင်းပေးသူဆီကနေ ညီအကို ၂ယောက်အကြောင်းသိရပြီး ဆက်လက်စုံစမ်းရင်း စစ်သားဟောင်းတွေဆိုတာပါ အကြောင်းစုံသိသွားပါတယ်။ တစ်ဖက်မှာလည်း ညီအကို ၂ယောက်နဲ့ အေဗာတို့ ထွက်ပြေးကြရင်း ဒေါသမထိန်းနိုင်တဲ့ အကို မစ်ကြောင့် ဂန်းစတားတွေပါ ပါလာပြီး ပိုရှုပ်လာတဲ့အခါ သူတို့ ၃ယောက်လုံး FBI လက်က လွတ်မြောက်နိုင်မလား... ဘယ်လို အလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကို Nonstop Action ခန်းတွေနဲ့ မျက်တောင်မခတ်တမ်း အားပေးရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 810MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 35Min Genre - Action, Crime, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
July 14, 2023
ကြာချိန်
1h 41m
အဆင့်သတ်မှတ်ချက်
7.2 / 10
Director
William Kaufman