
One piece : Chopper’s kingdom on the island of strange animals (2002) IMDB – 6.2/10 ဒီကားကတော့ One piece animation movies တွေရဲ့ ၃ ကားမြောက်ရုပ်ရှင်ပါ။ ထွက်တာကြာပြီဆိုပေမဲ့လို့ အခုတစ်ဖန် One piece ကို စကြည့်နေတဲ့သူတွေအတွက်တော့ ဒီကားလေးကိုကြည့်ဖို့ Recommended ပေးပါတယ်။ ဒီကားလေးက Luffy တို့ ပင်လယ်ကိုခရီးထွက်ခါစ Alabasta ကိုမရောက်ခင် ကြားထဲမှာဖြစ်ခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။ ဒီဇာတ်လမ်းလေးရဲ့ အကျဉ်းချုပ်လေးကတော့ Chopper ဟာ Luffy တို့ရဲ့ သင်္ဘောပေါ်ကို လိုက်ပါခါစအချိန် သူတို့ဟာ ကျွန်းတစ်ကျွန်းကိုတွေ့ခဲ့တယ်။ Namiရဲ့ မြေပုံညွှန်းချက်အရတော့ ဒီကျွန်းဟာသရဖူကျွန်းလို့ခေါ်ကြတယ်တဲ့။ အဲ့ကျွန်းကိုဝင်ခါနီး ရုတ်တရက်ရေအောက်က မီးတောင်ပေါက်ကွဲမှုကြောင့် လှိုင်းလုံးနဲ့သင်္ဘောက လေပေါ်မြှောက်တက်သွားပြီး Chopper ဟာ အဖွဲ့သားတွေနဲ့ကွဲပြီး ကျွန်းပေါ်ကတောထဲကို ရောက်သွားခဲ့ရတယ်။ အဲ့ကျွန်းပေါ်မှာရှိတဲ့ အယူအဆက ကျွန်းဘုရင်အသစ်ဟာ တစ်နေ့ကောင်းကင်ဘုံကနေ ကျလာမယ်လို့ ယူဆကြတယ်။ Chopper လဲ ကွက်တိကျသွားတာနဲ့ ဘုရင်တင်ခံလိုက်ရပြီး ကျွန်းပေါ်မှာနေတဲ့ တစ်ဦးတည်းသောကောင်လေး Momambi နဲ့ သူငယ်ချင်းဖြစ်သွားတော့တယ်။ ဒါပေမဲ့ အဲ့ကောင်လေးကလဲ သူ့ဇာတ်ကြောင်းနဲ့သူ ပင်လယ်ဓားပြတွေကိုမုန်းနေတဲ့ အကြောင်းအရင်းရှိနေခဲ့တယ်။ ဒါ့အပြင် အဲ့ဒီကျွန်းမှာ Count Butler လို့ခေါ်တဲ့ လူဆိုးနဲ့သူ့အဖွဲ့တစ်သိုက်က တယောတစ်ခုနဲ့ ချိုစားကောင်ကြီးတွေကို ထိန်းချုပ်ပြီး ကျွန်းပေါ်ကဘုရင်ကြီးရဲ့ သရဖူရတနာကို ရှာနေကြတယ်။ အဲ့ဒီ သူတို့ကောက်ကျစ်တဲ့အကြံနဲ့ ကျွန်းပေါ်က တိရိစ္ဆာန်တွေဒုက္ခပေးပြီး သရဖူရတနာရှာဖွေနေတာကို Luffy တို့တွေဟာ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာနဲ့ Momambi ဆိုတဲ့ကောင်လေးရဲ့ ပင်လယ်ဓားပြတွေကို ဘာကြောင့်မုန်းရတယ် ဆိုတာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်နော်။ (အညွန်းနဲ့ဘာသာပြန်ကတော့ Alyn ဖြစ်ပါတယ်) File size… 1.4 GB / 640 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 56m Genre ….. Animation, Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Alyn
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 720p | 640 MB | Download | |
| 720p | 640 MB | Download | |
| 720p | 640 MB | Download | |
| 720p | 640 MB | Download |