
၁၉၈၂ ခုနှစ်ထွက် Shaolin Temple ဇာတ်ကားကတော့ ရှေးခေတ်တရုတ်ပြည်၊ ဆွေ့မင်းဆက်ကနေ ထန်မင်းဆက် အကူးအပြောင်းကို နောက်ခံပြုထားတဲ့ ကွန်ဖူးရုပ်ရှင်တစ်ကားပါ။ တရုတ်ပြည်ရဲ့ သိုင်းမင်းသားတွေထဲက တစ်ဦးဖြစ်တဲ့ Jet Li ရဲ့ debut ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဝမ်းကျန်းဆဲ့လို့ခေါ်တဲ့ စစ်သူကြီးက ဖခင်ဖြစ်သူကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်တဲ့အတွက် ကျွယ်ယွမ်ဆိုတဲ့ကောင်လေးဟာ လက်စားချေဖို့ ကွန်ဖူးကို သင်ယူချင်လို့ ရာဇဝင်တွင်တဲ့ ရှောင်လင်ဘုန်းကြီးကျောင်းမှာ ခိုလှုံခဲ့ပါတယ်။ ဘုန်းတော်ကြီးတွေရဲ့ လမ်းညွှန်မှုအောက်မှာ ကွန်ဖူးပညာကို သင်ခဲ့ပြီးနောက် နောင်မှာ ဘုရင်ဖြစ်လာမယ့် လီရှစ်မင်နဲ့ဆုံပြီး ကယ်တင်လိုက်ရာက ဖခင်ကိုသတ်ခဲ့တဲ့ ဝမ်းကျန်းဆဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ရတဲ့အခါ… ကိုယ့်ကိုယ်ကို ခုခံဖိုအတွက်ပဲ သင်ကြားရတဲ့ ရှောင်လင်ကွန်ဖူးပညာကို ဘုန်းကြီးဝတ်ကြီးနဲ့ ကျွယ်ယွမ်တစ်ယောက် လူဆိုးတွေအရှေ့မှာ ဘယ်လိုအသုံးချမလဲဆိုတာကိုတော့ တကယ့်သိုင်းပညာရှင်များ ပါဝင်သရုပ်ဆောင်ထားပြီး အသက်ရှူမှားလောက်တဲ့ အတိုက်အခိုက်ခန်းတွေပါတဲ့ ဒီရှောင်လင်ကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ File size…(2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre… Kung Fu, Martials, Action, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Xing Egg