
The Age of Shadows (2016) ******************************** ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်များဖြစ်ကြတဲ့ Song Kang Ho, Gong Yoo, Lee Byung Hun, Park Hee Soon, Um Tae Goo, Shin Sung Rok, Han Ji Min တို့နဲ့ အတူ ဝါရင့်ဇာတ်ပို့များစွာကို အတူတူ မြင်တွေ့ရမဲ့ တော်လှန်ရေး ဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ 1920 ခုနှစ်၊ ကိုရီးယားနိုင်ငံကို ဂျပန်များ သိမ်းပိုက်ထားစဉ် ကာလအတွင်း၊ ဂျောင်ချယ်ဆန်း ဦးဆောင်သည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ရှန်ဟိုင်းမြို့မှ ဆိုးလ်မြို့သို့ ဖောက်ခွဲရေး ပစ္စည်းများ သိုဝှက် သယ်ဆောင်ကြတဲ့ စစ်ဆင်ရေးကို အဓိကထားပြီး ရိုက်ကူးပြသထားပါတယ်။ ဇာတ်လမ်းအညွှန်း ********************* ဂျပန် ရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဂျိုဆွန်းနိုင်ငံသား ရဲမှူး အီဂျောင်ချူး (Song Gang Ho)ဟာ | တစ်ချိန်တုန်းက အမိမြေရဲ့ တော်လှန်ရေးတပ်ဖွဲ့ကို သစ္စာဖောက်ကာ ထိပ်တန်း ရာထူး ရရှိလာခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ဒုရဲချုပ် ဟီဂါရှီရဲ့ အမိန့်အရ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးနိုင်ဖို့ အတွက် တော်လှန်ရေးတပ်ဖွဲ့ရဲ့ အဓိက အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ဂင်အူဂျင်း (Gong Yoo)ဆီကို ချည်းကပ်လာခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အတွင်းစိတ် ရည်ရွယ်ချက် အမှန်ကို သိနေကြပေမဲ့၊ ရှေ့တင်မှာတော့ ဟန်မပျက်သရုပ်ဆောင် နေကြတဲ့ အီဂျောင်ချူးနဲ့ ဂင်အူဂျင်းတို့ဟာ အချင်းချင်း သတင်းနှိုက်ဖို့ ကြိုးစားရင်း မသိစိတ်ကနေ ရင်းနှီးလာခဲ့ကြပါတော့တယ်။ ဖောက်ခွဲရေး ပစ္စည်းတွေ သယ်ဆောင်တဲ့ စစ်ဆင်ရေး လုပ်နေစဉ် အတွင်းမှာပဲ ဂျပန်ရဲဌာန အဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက် တွေ့ဆုံလာကြတဲ့အခါ ဒီစစ်ဆင်ရေး အောင်မြင်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှူစားပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htetက ရေးသားထားပါတယ်) File Size – 1.69 GB/ 755 MB Quality – WEB-DL 1080p/ 720p Duration – 2h 20m Format – mp4 Genre – Action, Thriller Subtitle – Myanmar Subtitle (Hard Sub) Translated & Encoded by – Treasure Htet
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 755 MB | Download | |
| 720p | 755 MB | Download | |
| 720p | 755 MB | Download | |
| 720p | 755 MB | Download | |
| 720p | 755 MB | Download | |
| 1080p | 1.69 GB | Download | |
| 1080p | 1.69 GB | Download | |
| 1080p | 1.69 GB | Download | |
| 1080p | 1.69 GB | Download |