
ထွက်ပြေးနေရသူတစ်ဦး... ကိုယ်မကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုအတွက် ထွက်ပြေးနေရသူတစ်ဦး... နိုင်ငံရေးမြှုပ်ကွက်များကြားထဲမှာ သဲလွန်စတစ်စုံတစ်ရာမရှိဘဲ ရှောင်ပြေးနေရပုံအပေါ်မူတည်ပြီး ဇာတ်အိမ်တည်ထားပါတယ်။ အထက်တန်းကျောင်းသားဘဝတည်းက ပြစ်မှုမှတ်တမ်းတသီတတန်းဖြစ်နေပေမဲ့ သားဖြစ်သူနဲ့အတူ အိမ်ကောင်းရာကောင်းနဲ့နေနိုင်ဖို့ ကြုံရာကျပန်းလုပ်ကာ နေ့စား အငှါးကားမောင်းတဲ့အလုပ်လုပ်ရရင်း တစ်နေ့မှာတော့ ထူးထူးခြားခြားပဲ ပိုက်ဆံပေါတဲ့ ခရီးသည်နဲ့ ကြုံခဲ့ပါတယ်။ ကံဆိုးချင်တော့ လေဆိပ်ကိုပဲ အမြန်ပြေးချင်နေတဲ့ ခရီးသည်ကြီးဟာ လက်သည်မပေါ်ဘဲ အသတ်ခံရပါတယ်။ ဒီအချိန်မှာတော့ ထုံးစံအတိုင်း ကားသမားကိုပဲ အပြစ်ပုံချဖို့ အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ဝရမ်းပြေးဖြစ်နေချိန် အတောအတွင်းမှာတော့ အမှုအစအဆုံးကို ရုပ်လုံးပေါ်လာအောင်စုံစမ်းရင်း တစ်ချိန်က တေလေကြမ်းပိုးဖြစ်ခဲ့ဖူးတာကြောင့် တတ်ကျွမ်းခဲ့ဖူးတဲ့ အကွက်ပေါင်းစုံ အသုံးချကာ မိမိနောက်ကို လိုက်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူဆိုးများ၊ ရဲများကိုပါ နှစ်ပေါက်တစ်ပေါက် ရိုက်ခဲ့ပါတယ်။ အမှုမှာ ပါဝင်ပတ်သက်သူ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီးနောက် အမှုကို ဆက်စပ်မိခါနီးမှာ သားဖြစ်သူကပါ တရားခံကို ကူဖမ်းပေးဖို့ဖြစ်လာပါတော့တယ်။ နိုင်ငံရေးလုံခြုံမှု ပေါက်ပြားစေမှုရဲ့ တရားခံအစစ်အမှန်က ဘယ်သူဖြစ်နေမလဲ? အမှန်တရားကိုချပြဖို့ ကြိုးစားတဲ့သားအဖနှစ်ယောက်အနိုင်ရသွားမလား? ဆိုတာကိုတော့ ချစ်ခြင်းမေတ္တာဖွဲ့သော ဇာတ်ဝင်ခန်းများနှင့်အတူ ဟာသနှောသေ ာဇာတ်ကွက်များနှင့်ပါ ရသစုံလင်စွာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Hnin Wut Yi ပါ။) File Size : 2.8GB, 1GB & 555MB Quality : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format : mp4 Duration : 1hr & 37mins Genre : Action, Adventure, Comedy Translated by Hnin Wut Yi Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |