
အက်ရှင်ဇာတ်လမ်းကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် Old but Gold ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ Cast အနေနဲ့လည်း Hacksaw Ridge ရဲ့ပဲ့ကိုင်ရှင်တဖြစ်လဲ Braveheart တို့၊ Conspiracy Theory တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စွယ်စုံရမင်းသားကြီး Mel Gibson နုစဥ်က ဇာတ်ကားမလို့ ကြည့်သင့်နေပါပြီ။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ ရဲအရာရှိ ရော်ဂျာဟာ အသက် ၅၀ ပြည့်မွေးနေ့မှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးခဲ့ပြီး ခါတိုင်းလိုပဲ အလုပ်သွားခဲ့ပေမယ့် ရောက်ရောက်ချင်း မထင်မှတ်ထားတဲ့ သတင်းဆိုးတစ်ခု ကြားလိုက်ရပါတယ်။ ဒါကတော့ သူနဲ့ ၁၂ နှစ်ကြာ အဆက်အသွယ်ပြတ်နေတဲ့ စစ်ပွဲမှာအတူတိုက်ခဲ့ပြီး သူ့အသက်ကိုကယ်တင်ခဲ့တဲ့ သူငယ်ချင်းဟောင်းရဲ့သမီးဖြစ်သူ တိုက်ပေါ်က နေခုန်ချသွားတဲ့ အမှုပါပဲ။ ဒီအမှုကို သူနဲ့ အတူလိုက်ဖို့အတွက် တာဝန်ကျတဲ့ တွဲဖက်အသစ်ကတော့ အရင်င်က အထူးတပ်ဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ပြီး သိပ်တော်ပေမယ့်လောလောလတ်လတ်ကမှ သိပ်ချစ်ရတဲ့ဇနီးဖြစ်သူ ဆုံးပါးသွားလို့ စိတ်အခြေအနေ မတည်မငြိမ်ဖြစ်နေပြီး သူ့ကိုယ်သူ သတ်သေဖို့ကြိုးစားနေတဲ့ မာတင်ရစ်ဂ် ဆိုတဲ့ လူရွယ်ရဲအရာရှိပါ။ ဒီလိုနဲ့ပဲ ကမူးရူးထိုးနဲ့ စိတ်ရူးပေါက်သလို လုပ်တတ်တဲ့ ရစ်ဂ် နဲ့ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းချင်တဲ့ ရော်ဂျာတို့ဟာ စရိုက်ကဆန့်ကျင်ဘက်ဖြစ်နေပေမယ့် နှစ်ယောက်ပေါင်းပြီး အမှုလိုက်ရတဲ့အခါမှာတော့... ဆက်ပြောရင် စပွိုင်လာဖြစ်သွားမှာစိုးလို့ ကိုယ်တိုင်သာ ကြည့်လိုက်ကြပါတော့ဗျို့။ File size…(2.35GB) / (1.24GBMB) / (700.28MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:49:00 Genre... Action / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Robin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.35 GB | Download | |
| 720p | 1.24GB | Download | |
| 1080p | 2.35 GB | Download | |
| 720p | 1.24GB | Download |