
ဇာတ်လမ်းအကြောင်းမပြောခင် ဇာတ်လမ်းနဲ့ သက်ဆိုင်တဲ့ ဒီဘီကူးပါးရဲ့ အပြင်က ဖြစ်ရပ်မှန်လေး ဝေမျှပေးချင်လို့ပါ။ ဒီဘီကူးပါးဆိုတဲ့လူဟာ ၁၉၇၁ ခုနှစ်တုန်းက ငွေတွေကို ခိုးခဲ့ပြီး လေထီးနဲ့ ခုန်ချသွားခဲ့တာ အစအနပျောက်သွားတာ အက်ဖ်ဘီအိုင် တောင် ရှာမတွေ့ခဲ့တဲ့ ဆန်းကြယ် ဖြစ်ရပ်တစ်ခုပါ သေသလား ရှင်သလား ဘယ်သူမှ မသိကြပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဒီ ဒီဘီကူးပါး အကြောင်းကို ရူးသွပ်ကြပြီး သူခုန်ချတဲ့နေရာကို လိုက်ရှာချင် ကြတဲ့ ငယ်သူငယ်ချင်း ၄ ယောက်ရှိခဲ့ကြတယ်။ အသက်တွေကြီး လာတဲ့အခါ ကိုယ်စီကိုယ်စီ အလုပ်များနေတဲ့အချိန် သူငယ်ချင်း တစ်ယောက်က မတော်မဆဖြစ်ပြီး ဆုံးပါးသွားတော့ ကျန်တဲ့ ၃ ယောက် ပြန်ဆုံဖို့ ဖြစ်လာပါတော့တယ်။ ဒီ ၃ ယောက်ကတော့ ဘဝကိုငြီးငွေ့နေပြီး ကောင်မလေးနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ဂျယ်ရီ၊ ဆရာဝန်လုပ်နေပေမဲ့ အရမ်းကြောက်တတ် ရှက်တတ် ဆော်မရှိတဲ့ ဒန်နိုရယ် ဘဝကို ပရမ်းပတာ ဖြစ်နေသလို သောင်းကျန်းနေတဲ့ တွန်မီရယ် ဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ အသုဘကိုလာရင်း ငယ်ဘဝက သစ်ပင်အိမ်လေးထဲ ဝင်ကြည့်ကြရာကနေ ငယ်စဉ်က စိတ်ကူးယဉ်ခဲ့တဲ့ ဒီဘီကူးပါးနဲ့ ပိုက်ဆံတွေဆိုတာ စိတ်ကူးယဉ် မဟုတ်ပဲ တကယ်ဖြစ်နိုင်တဲ့ သက်သေတွေ မြေပုံတွေကို ဆုံးပါး သွားတဲ့ သူငယ်ချင်းဖြစ်သူက ရှာဖွေပြီး အတူတူ ခရီးထွက်ဖို့ စီစဉ်ထားတာကို တွေ့လိုက်ရပါတယ်။ အဲဒီမှာပဲ သူငယ်ချင်း သုံးယောက်သား သူငယ်ချင်းဖြစ်သူ ဆန္ဒ ပြည့်မြောက်အောင်ဆိုပြီး ဒီပိုက်ဆံတွေ လိုက်ရှာဖို့ စွန့်စားခန်းထွက်ခဲ့ကြပြီး တစ်လမ်းလုံး ပရမ်းပတာ ပေါက်ကရလေးဆယ် အခွီတွေနဲ့ စွန့်စားကြတာကို ရယ်ရယ်မောမော ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ရယ်ရတဲ့အကြောင်း အရာတွေကို ပြောပြချင်ပေမယ့် ကြိုပြောလိုက်သလိုဖြစ်မှာစိုးလို့ မပြောတော့ပဲ သေချာလေး ကြည့်လိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ် နောက်ပြီးတော့ ဒီကားလေး ကြည့်ပြီး အသက်တွေကြီးလာတဲ့အချိန် ငယ်ပေါင်းတွေနဲ့ Road Trip လေး ထွက်လိုက်ပြီး ဘဝအမောတွေ ဖြေဖျောက်ချင်တဲ့ဆန္ဒတွေတောင် ဖြစ်လာကြမယ်လို့ ထင်မိပါသေးတယ်ဗျာ။ File size…1.75GB / 986MB Quality…WEBRip 1080p / 720p Format…mp4 Duration….1h 35m Genre ..... Adventure , Comedy , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung