
Executive ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်ပြသခဲ့ပြီးတော့ ကျွန်တော်တို့ ငယ်ငယ်က အနည်းနဲ့အများကြည့်ဖူးကြတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဤရုပ်ရှင်မှာ မင်းသားကြီး Steven Seagal, Kurt Russelတို့သရုပ်ဆောင်ထားတဲ့အပြင် ထိုအချိန်က တက်သစ်စသရုပ်ဆောင်တွေဖြစ်တဲ့ John Leguizamo နဲ့ မင်းသမီး Halle Berry တို့ကလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ Harrison Ford သရုပ်ဆောင်ထားတဲ့ Air Force One ရုပ်ရှင်ကိုကြည့်ဖူးရင် ဒီလိုဇာတ်လမ်းနဲ့ ရင်းနှီးနေမှာပါ။ ၁၉၉၀ ပြည့်နှစ်တွေတုန်းက အက်ရှင်ဇာတ်ကားအများစုရဲ့ ထုံးစံအတိုင်းပဲ အရှေ့အလယ်ပိုင်းက အစွန်းရောက်အကြမ်းဖက်သမားတွေဟာ ဒီရုပ်ရှင်ရဲ့ ဗီလိန်ပါပဲ။ ဒီအကြမ်းဖက်သမားတွေက ဂရိနိုင်ငံအေသင်မြို့ကနေ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီကို ပျံသန်းနေတဲ့ လေယာဥ်တစ်စီးမှာ လိုက်ပါလာပြီးတော့ လမ်းခုလတ်မှာ လေယာဉ်ပြန်ပေးဆွဲစီးနင်းလိုက်ပါတော့တယ်။ သူတို့က အမေရိကန်စစ်တပ် ဖမ်းဆီးထားတဲ့ သူတို့ရဲ့ခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ လေယာဥ်ကိုပြန်ပေးဆွဲတယ် ပြောပေမယ့် ထောက်လှမ်းရေးအရာရှိ ဒေးဗစ်ဂရန့်(Kurt Russel)ကတော့ အဲဒီလိုမထင်ခဲ့ပါဘူး။ အဲဒီမှာ ဓားစားခံကယ်ဆယ်ရေး လုပ်ဆောင်မယ့် ဗိုလ်မှူး အော်စတင် ထရာဗစ် (Steven Seagal) နဲ့ပူးပေါင်းပြီး သူတို့ဓားစားခံတွေကို ဘယ်လိုကယ်တင်ကြမလဲ။ အကြမ်းဖက်သမားတွေရဲ့ ရည်ရွယ်ချက်ကရော တစ်ခုတည်းပဲလား။ ဘယ်လိုတွေရော အသက်တွေရင်းပြီး ကယ်ဆယ်ရမလဲဆိုတာကို လိုက်ပါကြည့်ရှု့ရမယ့် ရုပ်ရှင်ဇာတ်ကားတစ်ခု ဖြစ်ပါတယ်။ ၁၉၉၀ ကျော်က အက်ရှင်ဇာတ်ကားကောင်းတွေ ကြိုက်နှစ်သက်သူတွေ တစ်ဖန်ပြန်ကြည့်ရှု့သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်းကို အကြံပြုလိုပါတယ်။ File size…(2.6GB) / (1.21GB) /575MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:13:00 Genre...Action / adventure / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wallace