
၁၉၉၉ ခုနှစ်မှာ ကိုရီးယားရဲ့ရုပ်ရှင်လောကကို အရွေ့တစ်ခုဖြစ်စေခဲ့တဲ့ Shiri ရုပ်ရှင်ကတော့ ဇာတ်လမ်းဇာတ်အိမ်ရော သရုပ်ဆောင်တွေရော ဘယ်နေရာမှလက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ Dr. Romantic ဇာတ်လမ်းတွဲထဲက ဂင်ဆာဘူဇာတ်ရုပ်နဲ့ကျော်ကြားတဲ့ ၊ A Taxi Driver, Parasite စတဲ့ရုပ်ရှင်တွေနဲ့ လူတိုင်းအားပေးကြတဲ့ Song Kang Ho တို့အပြင် အခုခေတ်မှာ ပြိုင်စံရှားသရုပ်ဆောင်ကြီးတွေဖြစ်နေကြပြီဖြစ်တဲ့ Choi Min Sik, Kim Yunjin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မြောက်ကိုရီးယားက ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ကသူလျှိုတွေနဲ့ တောင်ကိုရီးယားကအေးဂျင့်တွေအကြောင်း အခြေတည်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဒီဘက်ခေတ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ ဇာတ်ကြောင်း၊ ရှုထောင့်တွေနဲ့ အသစ်အဆန်းခံစားချက်တစ်မျိုးခံစားရမှာပါ။ ကိုရီးယားရုပ်ရှင်တွေဟာ အဲ့ဒီအချိန်ကတည်းက ဘယ်လိုအဆင့်အတန်းရှိနေပြီလဲဆိုတာ တွေ့မြင်ရမှာဖြစ်သလို တကယ့်စူပါမင်းသားကြီးတွေရဲ့ ငယ်နုစဉ်ကာလကိုကြည့်ရတာနဲ့တင် တန်နေပြီဖြစ်တာကြောင့် Shiri ကတော့ လုံးဝကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Action, Thriller Quality…. 720p | 480p File size…2GB | 875MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August