
Survival, Thriller အမျိုးအစားတွေကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် Suicide Squad ထဲက Bloodsport အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Elba ရဲ့ Beast ဆိုတဲ့ ကားလေး ထွက်လာပါပြီ။ အာဖရိက တောရိုင်း တိရစ္ဆာန်တွေအကြောင်း အခြေပြုပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... နိတ်ဒန်နီယယ် နဲ့ သူ့ရဲ့ သမီးလေး နှစ်ယောက်ဟာ တောင်အာဖရိက ကို အလည်အပတ် ထွက်လာခဲ့ပါတယ်။ အဆိုပါ ခရီးစဉ်ကို ဖိတ်ခေါ်ခဲ့သူကတော့ နိတ်ရဲ့ မိတ်ဆွေဟောင်းကြီး မာတင် ပဲ ဖြစ်ပါတယ်။ မိတ်ဆွေဟောင်းဆိုတာထက် နိတ်နဲ့ သူ့ရဲ့ ဇနီးကို အောင်သွယ်ပေးခဲ့တဲ့ အောင်သွယ်တော်ကြီးဆို ပိုမှန်တာပေ့ါဗျာ ... အဲ့ဒီနောက်မှာတော့ သူတို့ဟာ နိတ်ရဲ့ ဇနီးသည် ကြီးပြင်းခဲ့တဲ့ တောင်အာဖရိက က ရွာလေး ခရီးနှင်ခဲ့ကြပါတယ်။ အဲ့ဒီရွာလေးကို သွားနေစဉ် တားမြစ်နယ်မြေတစ်ခုကို ဖြတ်သန်းရတဲ့ အချိန်မှာတော့ ခြင်္သေ့ကြီးတစ်ကောင်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ရင်ဆိုင်ရတယ်ဆိုတာ လူတွေကို သဲသဲမဲမဲကို လိုက်သတ်တဲ့ ခြင်္သေ့မျိုးပါ။ ခြင်္သေ့တွေက စားစရာမလိုဘဲ သာမန်အားဖြင့် လိုက်သတ်လေ့မရှိပါဘူး။ ဒီခြင်္သေ့ကြီးကတော့ အုပ်စုတစ်ခုလုံးကို တရားမဝင်မုဆိုးတွေက သတ်လိုက်လို့ တွေ့သမျှလူတွေကို သောင်းကျန်ပြီးလိုက်သတ်တာပါပဲ။ ဗီလိန်လို့တောင် မပြောနိုင်ပါဘူး။ တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာမို့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြိုက်သူတွေ အကြိုက်တွေ့မှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Anderson ပါ။) File Size : 6GB, 2.1GB, 854MB, 429MB Quality : 4K WEB-DL HEVC 5.1CH, 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 33mins Genre : Adventure, Drama, Horror Translated by Mr.Anderson Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | 6 GB | Download | |
| 1080p | 2.1 GB | Download | |
| 720p | 854 MB | Download |