
Medal 2023 IMDb - 8.4/10 ဒီတစ်ခါမှာတော့ အက်ရှင်ကားကောင်းတွေကြိုက်ကြတဲ့ CMရဲ့ ပရိသတ်ကြီးအတွက် rating 8.4 နီးပါးရထားပြီး ဇာတ်လမ်းအပြောင်းအလဲနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အက်ရှင်ကားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းရဲ့အစမှာဆိုရင် ပန်ဂျဘ်ပြည်နယ်တွေရဲတွေက ရဲအင်အားအများကြီးသုံးပြီး ဂိုဏ်းစတားတစ်ယောက်ကို ဖမ်းဖို့ကြိုးစားကြတဲ့မြင်ကွင်းနဲ့ အစပြုထားပါတယ်။ ဖမ်းဖို့ဒီလောက်ထိ ရဲတွေကကြိုးစားရတဲ့ ဂိုဏ်းစတားကတော့ ပန်ဂျဘ်ပြည်နယ်တစ်ခုလုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်နေလို့ပါပဲ။ ဒီဂိုဏ်းစတားဆိုတဲ့သူဟာ ဂိုဏ်းစတားမဖြစ်ခင် အပြေးအားကစားမှာ အရမ်းတော်ပြီး ရွာကနေမြို့ကို ကျောင်းလာတက်တဲ့ ကျောင်းသားလေးတစ်ယောက်ပါ။ ငယ်ငယ်က မတော်တဆမှုတစ်ခုကြောင့် အကြားအာရုံချွတ်ယွင်းနေတဲ့သူလည်းဖြစ်ပါတယ်။ | သူ့ဘဝရဲ့ တစ်ခုတည်းသော အိပ်မက်က အပြေးပြိုင်ပွဲကနေ ရွှေတံဆိပ်ဆုရချင်တာပါတဲ့... အဲဒီလို အပြေးချန်ပီယံဖြစ်အောင် ကြိုးစားနေတဲ့ ရိုးရိုးရှင်းရှင်း အားကစားလေးဘဝကနေ ပြည်နယ်တစ်ခုလုံးက ကြောက်ရတဲ့ဂိုဏ်းစတားတစ်ယောက် ဘယ်လိုဖြစ်လာရတာလဲဆိုတာကို CMပရိသတ်ကြီးက စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ ဇာတ်ကောင်စရိုက် အလှည့်အပြောင်းပါတဲ့ ကားတွေကို ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် ဒီအက်ရှင်ကားက လုံးဝပျင်းစေမဲ့ ဇာတ်ကားမျိုးမဟုတ်ဘူးဆိုတာပြောပြရင်း ကြည့်ရှုခံစားပေးကြပါဦးလို့ ... (အညွှန်းနဲ့ဘာသာပြန်ကတော့ YH~Cherry~Zwe~Moon~Yunni တို့ပဲဖြစ်ပါတယ်။) File size…2.5GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by YH~Cherry~Zwe~Moon~Yunni
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
June 2, 2023
ကြာချိန်
2h 4m
အဆင့်သတ်မှတ်ချက်
10.0 / 10
Director