
ကမ္ဘာကျော် တောတွင်းဇာတ်ကောင်တွေ အများကြီးရှိခဲ့တယ်ဗျ။ ကလေးဘဝက သူများအိမ်မှာ တိုးဝှေ့ပြီးသွားကြည့်ရတာတစ်မျိုး၊ ဗီဒီယိုရုံမှာ မုန့်ဖိုးလေး ကျစ်ကျစ်ပါအောင် စုဆောင်းပြီး ကြည့်ရတာကတစ်ဖုံ မျိုးစုံကြုံခဲ့ရတာပေါ့လေ။ ကောင်ကလေး မောဂ္ဂလိ၊ တောဘုရင် တာဇံ၊ မစ္စတာ ဘုန်း စသဖြင့် ဖိုက်တင်ချ၊ ရယ်စရာဟာသတွေနဲ့ ဆေးရောင်စုံပိတ်ကားကြီးကို မျက်တောင်မခတ်စတမ်း ငေးမောခဲ့ရဖူး။ ဒီနေ့တင်ဆက်မှာကတော့ တောဘုရင်ကြီးဖြစ်တဲ့ တောနက်ထဲက ဂျော့ ပါတဲ့ခင်ဗျ။ စုစုပေါင်း နှစ်ကားထွက်ရှိထားပြီး ၁၉၉၇ ခုနှစ်က ပထမဇာတ်ကားကို တင်ဆက်ပါ့မယ်။ ဟာသကားဆိုတော့ ဟာသကားလောက်ပဲ Rating ရခဲ့တယ်ဆိုပေမဲ့ စိတ်ကူးကောင်းတဲ့ဟာသလေးတွေ တော်တော်များများ တွေ့ရမှာပါ။ အဟောင်းဖြစ်ပြီး လူတကာကြည့်ဖူးပြီးသားဆိုပေမယ့် The Mummy နဲ့ The Whale မင်းသားကြီး Brendan Fraser ရဲ့ ငယ်မူငယ်သွေးကို ပြန်ကြည့်ရမှာမလို့ ဟောင်းပေမဲ့ ကောင်းနေဦးမှာပါ။ မင်းသမီးကြီး Leslie Mann ကိုလည်း ပြန်ကြည့်နိုင်ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆန်ဖရန်စစ္စကိုမြို့ရဲ့ လူကုံတန်အသိုင်းအဝိုင်းက တစ်ဦးတည်းသောသမီး အမွေခံအမျိုးသမီးလေး အာဆယ်လာက တောဘုရင်ကြီးရှိတဲ့ အာဖရိကတောထဲကို လူဝံတွေကြည့်ချင်လို့ လာခဲ့ပါသတဲ့။ လေယာဉ်ပျက်ကျပြီး အာဖရိကတောထဲရောက်လာ၊ ကလေးပေါက်စတည်းကနေ လူဝံထီးကြီးတစ်ကောင်ရဲ့ ထိန်းကျောင်းမှုအောက်မှာ လူလားမြောက်ခဲ့ရတဲ့ တောဘုရင် ဂျော့နဲ့ ဆုံတွေ့ခန်းရဲ့ ဇာတ်လမ်းကတော့ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ် ပါပဲ။ ခင်ပွန်းလောင်းကိုစွန့်ပယ်၊ တောဘုရင်အပေါ်မှ အချစ်ကြီးချစ်မိတဲ့ အာဆယ်လာရယ်၊ အခုမှ လူဆိုတာမြင်ဖူးတဲ့ ဂျော့ရဲ့ တောတွင်းလူရိုင်းနှလုံးသားရယ်၊ မတူတဲ့အသိုင်းအဝိုင်းကြောင့် သဘောမတူတဲ့ အာဆယ်လာရဲ့ မိခင်ရယ်၊ ဂျော့ရဲ့ မွေးစားဖခင် လူဝံကြီးကို ဖမ်းခေါ်သွားတဲ့ တရားမဝင်မုဆိုးနှစ်ယောက်ရယ်တို့ကို တဝါးဝါး တဟားဟား ကြည့်ရှုလိုက်ကြပါဦးလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.6GB, 1.2GB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 32Min Genre - Animation, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.6 GB | Download | |
| 720p | 1.2 GB | Download | |
| 1080p | 2.6 GB | Download | |
| 720p | 1.2 GB | Download |