
ခရစ္စမတ်နီးလာတိုင်း ကျွန်တော်တို့ကြည့်လေ့ကြည့်ထရှိတဲ့ကားလေးဆိုရင်တော့ Home Alone (1990) လေးပဲဖြစ်မယ်ထင်ပါတယ်။ ဘာလို့ကြည့်လဲဆိုရင်တော့ ငယ်ဘဝကို ပြန်ခံစားချင်လို့ ကြည့်တယ်ဆိုပါတော့ဗျာ။ 1990 ကျော်ခုနှစ်များဆီက အငွေ့အသက်တွေ၊ ထိုနေ့ခေတ်များဆီက ခရစ္စမတ်ကျင်းပပုံတွေ၊ ခေတ်တစ်ခေတ်ရဲ့ သဘောသဘာဝတွေရဲ့ ခံစားလို့ရတဲ့ ရုပ်ရှင်လေးတွေပဲဆိုပါတော့။ ဒီလိုရုပ်ရှင်လေးတွေထဲမှာ ကျွန်တော့်အတွက်တော့ Home Alone ပြီးရင် အကြိုက်ဆုံးခရစ္စမတ်ကားလေးဖြစ်တာကတော့ ဒီကားလေးပဲဗျ။ တကယ်ကောင်း၊ ရှယ်ကောင်း၊ တော်တော်ကောင်းပါတယ်။ တကယ်ကြည့်ထိုက်တယ်ဗျ။ ဇာတ်လမ်းလေးက အစ အလယ်ကနေ အဆုံးဇာတ်ဝင်ခန်းထိကို ကောင်းတာဗျ။ တကယ်လည်း တစ်ကားလုံးတောက်လျှောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကို ကြည့်နေရတဲ့ကားပါ။ ပြီးတော့ ပိုထူးဆန်းတာကို ပြောပြပါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ရဲ့အက်ရှင်မင်းသားကြီး၊ Terminator မင်းသားကြီးအာနိုးလ်က သရုပ်ဆောင်ထားတာပါပဲ။ မင်းသမီးဟာလည်း ၉၀ ကျော်ခုနှစ်များရဲ့နာမည်ကျော်မင်းသမီး ရိတာဝေလ်ဆန်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Comedy/ Family အမျိုးအစားမလို့ ဘယ်လိုကားမျိုးလေးလဲဆိုတာကိုတော့ ခန့်မှန်းလို့ရလောက်မယ်ထင်ပါတယ်။ သုံးခဲ့တဲ့ဘက်ဂျက်ရဲ့ နှစ်ဆကျော်ဝင်ငွေပြန်ရခဲ့တဲ့ ဒီရုပ်ရှင်ကားလေးဟာ ဒေါင်းကြည့်ဖို့တကယ်ထိုက်တန်လှတာမို့ ခရစ္စမတ်မှာ chill ဖို့ Jingle All the Way လေးကို ဒေါင်းကြည့်ကြပါဦး။ ပြောဖို့တစ်ခုကျန်ခဲ့တယ်ဗျို့။ ဇာတ်ဝင်သီချင်းတွေ တကယ်ရှယ်ကောင်းပဲဗျ။ ကဲ Jingle All the Way လေးကို ရှုစားအားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို San Thu Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1.05GB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 29Min Genre - Adventure, Comedy, Family Subtitle - Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Y