
ကလေးတွေဆိုတာက မရှိမကောင်းရှိမကောင်းလေးတွေ။ ရှိနေပြန်ရင်လည်း သူတို့အတွက်အမြဲစိုးရိမ်ပူပန်နေရ တတ်သလို မရှိပြန်ရင်လည်းဘ၀ကြီးကအထီးကျန်နေပြန်ရော။ နစ်ခ်ပါဆန် ဆိုတာ ဘောစိ မိန်းမတွေထည်လဲတွဲ ဘ၀ကြီးကိုအပူအပင်မရှိဖြတ်သန်းနေတဲ့လူ။ တခုပဲရှိတာက သူက ကလေးတွေဆိုရင်ကြည့်လို့ကိုမရဘူး။ စိတ်တိုရအောင်အမြဲလုပ်တဲ့ဂြိုဟ်ကောင်လေးတွေလို့ပဲ မြင်တာ။ ဒီလိုလူက ကလေးနှစ်ယောက်အမေ ဖြစ်သလောက်အရမ်းလန်းတဲ့ဆူဇန်ဆိုတဲ့အမျိုးသမီး ကိုမှသွားကြိုက်မိတယ်။ နစ်ခ်ရဲ့စရိုက်ကိုမကြိုက်တဲ့ ဆူဇန်ကငြင်းလိုက်ပြီး သူငယ်ချင်းအနေနဲ့ပဲလက်ခံခဲ့တယ်။ တစ်နေ့မှာ ဆူဇန်ရဲ့ကလေးတွေကို နှစ်သစ်ကူးမှာ ကနေဒါကိုခေါ်လာပေးဖို့အကြောင်းဖန်လာခဲ့တာဟာ နစ်ခ်အတွက်တော့အမှတ်ယူ တဆင့်တက်ဖို့အခွင့်အရေးပဲ။ ခက်တာက ဒီကလေးနှစ်ကောင် ကယ်ဗင်နဲ့လင်ဆီက တကယ့်ပြသာနာအိုးလေးတွေ။ နစ်ခ်ကို သည်ယုန်မြင်လို့သည်ချုံထွင်နေတာသိတဲ့သူတို့က ဘယ်လိုမျိုးပညာတွေ၀ိုင်းပြကြမလဲ။ နစ်ခ်တယောက်ကရော ကနေဒါကိုရှောရှောရှုရှုရောက်နိုင်ပါ့မလား သူ့အတွက်ရောအဖြေကဘာဖြစ်မလဲဆိုတာကိုဒီမိသားစု ခရစ်စ္စမတ်ဟာသကားလေးမှာရှုစားပေးကြပါဦး...... File size…2.21GB / 985MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 35m Genre ..... Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.21GB | Download | |
| 720p | 985MB | Download | |
| 1080p | 2.21GB | Download | |
| 720p | 985MB | Download |