
CM ပရိသတ်ကြီးတို့အတွက် မင်းသားဗီဂျေး ပါဝင်သရုပ်ဆောင်ထားတဲ့ Ghilli ဆိုတဲ့ 2004 ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ် ဗယ်လူဆိုတာ ကာဘာဒီအားကစားကို လွန်စွာမှ ရူးသွပ်တဲ့သူတစ်ယောက်ပေါ့ ဒါပေမယ့် သူ့အဖေက မကြိုက်တော့ သူ့မှာ အဲဒါကို ခိုးပြီးဆော့ရတယ် ခိုးပြီး ပြိုင်ပွဲတွေ ဝင်ရတယ်ပေါ့ အဲဒီလိုပဲ တစ်နေ့ကျတော့ မာဒူရိုင်မြို့ကို ကာဘာဒီပြိုင်ပွဲ ပြိုင်ဖို့ အိမ်ကနေ လိမ်ပြီးထွက်လာရင်း လမ်းမှာ မိန်းကလေးတစ်ယောက်ကို လူတစ်ယောက်က အတင်းအဓမ္မဆွဲခေါ်နေတာ မြင်လိုက်ရတော့ ကောင်မလေးကို သူတို့လက်ထဲက ကယ်ပြီး သူ့အိမ်ထဲမှာ ဖွက်ထားလိုက်တော့တယ် တကယ်တော့ အဲဒီလူက ပိုက်ဆံအင်အားနဲ့ ဆိုးသွမ်းချင်တိုင်း ဆိုးသွမ်းနေတဲ့သူဖြစ်ပြီး လူဆိုရင်လည်း လမ်းပေါ်မှာ ပေါ်ပေါ်ထင်ထင်ပဲ သတ်နေတဲ့သူပေါ့ သူက အဲဒီကောင်မလေးကို အသေရရအရှင်ရရ လိုချင်နေတဲ့သူ အဲဒီကောင်မလေးကို ဗယ်လူက သူ့လက်ထဲက ကယ်ပြီး နည်းအဖုံဖုံကြိုးစားကာ သူ့အိမ်မှာ ဖွက်ထားတယ် ဒါကို သူ့အိမ်က မိသားစုဝင်တွေတစ်ယောက်ကမှလည်း မသိဘူးပေါ့ အဲဒီလိုနဲ့ သူ ဘယ်လောက်ထိ ကောင်မလေးကို ဖွက်ထားနိုင်မလဲ ကောင်မလေးကို လူဆိုးတွေလက်ထဲက ဘယ်လိုကယ်တင်မလဲဆိုတာ အချစ် အလွမ်း အက်ရှင်နဲ့ ရသပေါင်းစုံ ပေါင်းစပ်ကာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…4GB / 2GB Quality…1080p AMZ WEB DL /720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora