
၂၀၂၂ ရဲ့ အောက်တိုဘာ ၃၁ ရက် ဟောလိုးဝင်း နေ့ရက်လေး နီးကပ်လာတာနဲ့အတူ ဟောလိုးဝင်းရဲ့ အဓိကဇာတ်ဆောင် ဆမ်ဟိန်း အကြောင်း ပြောကြတာပေါ့ဗျာ။ ဒါပေမဲ့ ဆမ်ဟိန်းက ဖန်တစ်ရာတေနေပြီဆိုတော့ နောက်တစ်ယောက်အကြောင်း ပြောင်းပြောကြတာပေါ့။ စဂျင်ဂျီ ဂျက် တဲ့။ သကောင့်သားက ငယ်တုန်းက လူ့ခွစာ၊ ကြီးလာတော့ လူ့အမြောက်စာ။ လူတကာ့ချဉ်ဖက်။ ဒီတော့ တစ်နေ့မှာ ဘရစ်ခ်ျ ဟောလိုးရွာသားတွေက ဝိုင်းသမပြီး ဆွမ်းကြီးလောင်းကြပါသတဲ့။ ဒီလိုနဲ့ အသားလွတ်သေသွားတဲ့ "ကိုကိုဂျက်" ကို စေတန်သခင် "ကိုလူစီဖာ" က သနားလို့ သူ့ဝိညာဉ်နဲ့ အပေးအယူလုပ်၊ ရွှေဖရုံသီးတစ်ခုမှာ နေရာပေးထားသတဲ့။ ပြီးတော့ ဝိညာဉ်လောကကနေ လူ့လောကကို ဟောလိုးဝင်းည နေဝင်ကနေ သန်းခေါင်အထိ ဝင်ရောက်စိုးမိုးခွင့် ပေးထားသတဲ့။ တစ်နှစ်မှာတစ်ရက်၊ တစ်ရက်မှာ ညတစ်ပိုင်းပဲ ကဲရတဲ့ ကိုကိုဂျက် သိပ်မကျေနပ်နိုင်တော့ လူတို့ပြည်မှာ ထာဝရနေရဖို့အရေး သူ့ဝိညာဉ်နေရာ အစားဝင်ယူမယ့်သူကိုရှာ၊ စေတန်ကို လာဘ်ထိုးပြီး မဟုတ်မဟတ် ကြံစည်လာတော့ စိတ်စွမ်းအားရှင် နတ်ဝင်သည် အစ်မကြီး ဟောသွန်းက ချည်နှောင်မန္တန်နဲ့ သူ့ရဲ့ရွှေဖရုံသီးမှာပိတ်လှောင်ထားလိုက်ရောတဲ့။ ဒီမှာပဲ ဒီဘက်ခေတ်ရောက်လာတော့ ဘရွတ်ကလင်ကနေ အိမ်ပြောင်းလာခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေး ဆစ်ဒ်နေ က ဂျက် ရဲ့ ရွှေဖရုံသီးကို မီးညှိလိုက်တာကစ၊ ရာစုနှစ်ေတွကြာ ပိတ်မိနေတဲ့ စတင်ဂျီ ဂျက် တစ်ယောက် ဟောလိုးဝင်းညကို ပြန်အပိုင်စား ရသွားတဲ့အခါ ...။ Family fantasy horror လေးမလို့ ဟာသကဲတဲ့ သရဲကားလေးပါ။ ဟောလိုးဝင်းည မရောက်ခင်မှာ ဟောလိုးဝင်းကို အကြိုခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Arr Khun Winchester ပါ ) File Size__(1.4GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:29:00 Type__Adventure, Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4 GB | Download | |
| 720p | 800 MB | Download | |
| 1080p | 1.4 GB | Download | |
| 720p | 800 MB | Download |