
CM ပရိသတ်တွေအတွက် 2003 တုန်းက ထွက်ရှိခဲ့တဲ့မိသားစုရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Transformers ရုပ်ရှင်တွေမှာ ဆမ် နေရာကနေသရုပ်ဆောင်ခဲ့တဲ့ မင်းသား Shia LaBeouf ကအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စတန်လီ ယဲနက် "လေး" (Shia LaBeouf) ဟာ သူ့မိသားစုရဲ့ နှစ်ပေါင်း 150 ကျော်နေပြီဖြစ်တဲ့ ကျိန်စာကြီးတစ်ခုကြောင့်အမြဲကံဆိုးနေရတဲ့သူပါ။ တစ်နေ့မှာတော့လမ်းလျှောက်နေရင်း မိုးပေါ်ကနေ သူ့ခေါင်းပေါ်ကိုကျလာတဲ့ ဖိနပ်တစ်ရံကို ယူသွားမိတဲ့အတွက် ဖိနပ်ခိုးမှုနဲ့ တရားစွဲခံရပြီး ဂရင်းလိတ်ခ်လူငယ်ပြုပြင်ရေးစခန်းကို အပို့ခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ဂရင်းလိတ်ခ်စခန်းဟာ နာမည်အတိုင်းဟုတ်မနေပဲ ရောက်လာတဲ့ လူငယ်လေးတွေကို အတင်းအကြပ်လုပ်အားပေးခိုင်းစေနေတဲ့ အလုပ်ကြမ်းစခန်းလိုမျိုးဖြစ်နေပါတယ်။ စခန်းရဲ့ကြီးကြပ်ရေးမှူးက အဆိပ်ရှိမြွေတွေနဲ့ ဖွတ်တွေပဲရှိတဲ့ လွင်တီးခေါင်ပြင်ကန္တာရထဲမှာ တစ်နေ့ကို ငါးပေနက်ပြီး ငါးပေကျယ်တဲ့တွင်းတွေတူးခိုင်းပြီး ဘာမှန်းမသိရတဲ့အရာကို ရှာဖွေခိုင်းနေတာပါ။ ဒီလိုနဲ့ပဲ စတန်လေ ယဲနက် တစ်ယောက် စခန်းမှာအသားကျအောင်နေထိုင်ရင်းနဲ့ တစ်နေ့မှာ သူစာဖတ်တတ်အောင်သင်ပေးနေတဲ့ ဟက်တာ ဇာရိုနီဆိုတဲ့ ကောင်လေးက ပြဿနာတစ်ခုကြောင့်ထွက်ပြေးသွားပါတော့တယ်။ လူတစ်ယောက်ထဲဆိုဘယ်လိုမှမရှင်သန်နိုင်တဲ့ ကန္တာရကြီးဖြစ်တာမလို့ စတန်လေလည်း ဟက်တာနောက်ကို လိုက်သွားခဲ့ပါ တော့တယ်။ ဒီလိုနဲ့သူတို့ကို တွင်းတွေတူးပြီး ရှာဖွေခိုင်းထားတဲ့အရာတွေဟာ စ တန်လေတို့မိသားစုကျိန်စာနဲ့ဆက်စပ်နေပြီး ကြီးကြပ်ရေးမှူးရဲ့ မိသားစုနဲ့ပါဆက်စပ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ စတန်လေနဲ့ ဟက်တာတို့ကရော လွင်တီးခေါင်ပြင်ကြီးထဲမှာ ရှင်သန်နိုင်မလား၊ သူတို့ရှာဖွေနေတဲ့ဘာမှန်းမသိတဲ့အရာကိုရော တွေ့မှာလား၊ အတိတ်မှာကရော စတန်လေရဲ့ ဘိုးဘေးတို့ကဘာတွေဖြစ်ခဲ့ကြလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဗျ။ File size… 2.7 GB / 1.11 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h Genre ..... Drama , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by TMMT
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.7GB | Download | |
| 720p | 1.11GB | Download | |
| 1080p | 2.7GB | Download | |
| 720p | 1.11GB | Download |