
ဟော.. ဝေလငါးကြီး ဝီလီပြန်လာပါပြီ..။ ဒီတစ်ခါမှာတော့ လူပျိုပေါက်လေး ဖြစ်နေပြီဖြစ်တဲ့ ဂျက်စီ့ကို တွေ့ရမှာပါ။ ရှေ့ကားမှာ အရာရာအဆင်ပြေပြီးသားဖြစ်တဲ့ ဂျက်စီလေးဟာ ဒီကားမှာတော့ နောက်ထပ်ပြဿနာလေး တစ်ခုထပ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ သူက ရှာတဲ့ ပြဿနာမဟုတ်ဘဲ သူ့ဆီကိုမှ တကူးတက လာရှာတဲ့ ချစ်စရာ သက်ရှိပြဿနာလေးပဲ ဖြစ်ပါတယ်။ ဘာလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ပါနော်။ ဇာတ်လမ်းအကြောင်းဆက်သွားရမယ်ဆိုရင်တော့ ဂျက်စီဟာ ဝီလီနဲ့ ပြန်ဆုံခဲ့ပါတယ်။ ဝီလီဟာလည်း သူ့မိသားစုနဲ့အတူ ပြန်ဆုံနိုင်ခဲ့ပြီဖြစ်လို့ အခုဆို ဂျက်စီရော ဝီလီရော မိသားစုကိုယ်စီနဲ့ပါ။ တစ်ညမှာတော့ ရေနံတင်သင်္ဘောမှောက်ပြီး ရေနံဆီတွေ ပင်လယ်ထဲ စိမ့်ကုန်ပါတော့တယ်။ ပင်လယ်သတ္တဝါတွေအတွက် ထိခိုက်မှုများမယ့် ဝီလီတို့အတွက် အန္တရာယ်များတဲ့ ဒီအခြေအနေကို ဂျက်စီနဲ့ ဝီလီ ဘယ်လိုဖြေရှင်းကြမလဲ။ ရှေ့တစ်ကားတုန်းက ပြောခဲ့သလိုပါပဲ ဒီကားမှာ ဝီလီနေရာကို Keiko သရုပ်မဆောင်တော့ပါဘူး။ ဒီကားထဲက ဝေလငါးတွေကို အင်ဂျင်နီယာနဲ့ အနုပညာရှင်ပေါင်း ၄၅ ယောက်တို့နဲ့ နာရီပေါင်း ၁သိန်းကျော်သုံးပြီး ၆လအတွင်း ဖန်တီးခဲ့ကြပါတယ်။ ဝေလငါး အရွယ်အစား တစ်ခုစီအတွက် ဖွဲ့စည်းပုံကို အရင်တည်ဆောက်ကြခဲ့ပြီး ပေါင် ၅၀၀၀ လောက်လေးတဲ့ ပေါ်လီယူရသိန်း (Urethane) အရေပြားနဲ့ အပေါ်က ပြန်အုပ်ထားတာပဲဖြစ်ပါတယ်။ ဒီလို ဖန်တီးမှုထားမှုကြီးကိုမှ လုံးဝသက်ဝင်လှုပ်ရှားနေတဲ့ ဝေလငါးတွေအဖြစ်ရရှိဖို့အတွက် ဝေလငါးတစ်ကောင်ချင်းစီရဲ့ လှုပ်ရှားမှု ၁၆ ခုစာကို ရုပ်သေးပညာရှင် ၅ယောက်က ထိန်းချုပ်ပေးထားပါတယ်။ ရေမျက်နှာပြင်မှာ တစ်ဝက်လောက်ပဲပေါ်တဲ့ ရိုက်ချက်တွေအတွက်တော့ မြင်းကောင်ရေအား ၁၀၀ ရှိတဲ့ ဟိုက်ဒရောလစ် ဒုံးစက်အငယ်စားလေး ၂လုံးစီ သုံးထားပါတယ်တဲ့။ ဂျက်စီ၊ ဝီလီတို့နဲ့အတူ ရုပ်ရှင်ကြည့်ပရိသတ်တို့လည်း စွန့်စားခန်းကို ဆက်လို့ ဖွင့်လိုက်ကြပါဦးလို့။ File size… 2.6 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Family/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Z
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.6 GB | Download | |
| 1080p | 2.6 GB | Download | |
| 1080p | 2.6 GB | Download | |
| 1080p | 2.6 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |