
Spongebob squarepants ကို ကလေးတိုင်းချစ်ကြသလို လူကြီးတိုင်း မြတ်နိုးကြတယ် အထူးတလည်ညွှန်းစရာလိုမယ် မထင်ပါဘူး Spongebob နဲ့ သူ့သူငယ်ချင်းတစ်သိုက် Krusty Krab ဆိုင်ရှင်ကြီး Mr. Krab အမြဲအကြံဆိုးတွေထုတ်နေတဲ့ Plankton စသဖြင့် ဇာတ်ကောင်တွေနဲ့ ကြည့်ချင်စရာဇာတ်လမ်းလေးဖြစ်အောင် အမျိုးစုံကြိုးခုန်ပြီး တင်ဆက်သွားပါတယ် ဇာတ်လမ်းလေးအနေနဲ့ကတော့ Spongebob လေးတစ်ယောက် သူ့ခရုလေး Gary ပျောက်သွားရာကနေ အစချီထားပါတယ် တကယ်တော့ ရေဘုရင်ကြီး Poseidon က အလှအပကြိုက်တတ်လွန်းသူဖြစ်ပြီး ခရုအချွဲအကျိတွေနဲ့ ပေါင်းတင်လေ့ရှိသူပါ သူ့တိုင်းပြည်က ခရုတွေ ကုန်သွားတဲ့နောက်တော့ ခရုရှာဖို့ ဆုချကြေညာစာထုတ်ပါတော့တယ် ဒီကြေညာစာတွေ Bikini Bottom ကို ရောက်လာပြီး Kraby Patty လျှို့ဝှက်ဖော်မြူလာကိုခိုးယူဖို့ အမြဲကြိုးစားနေတဲ့ Plankton တစ်ယောက် ကြေညာစာကို တွေ့သွားတဲ့အချိန်မှာတော့ ဒါကို အသုံးချပြီး Spongebob ကိုပထုတ်ပါတော့တယ် ဒီလိုနဲ့ Spongebob တို့ သူ့ခရုလေး Gary ကို ပြန်ရဖို့ ကြိုးပမ်းပုံကို ချစ်စရာ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် ပရိသတ်အချစ်တော် Keanu Reeves ကြီးလည်း ပါ၀င်အားဖြည့်ထားတဲ့ တကယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ File size… 1 Gb Quality… webrip 1080p Format…mp4 Duration….01:31:00 Genre … Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Translated by Chuck Chuck
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download |