
90s born CM ပရိသတ်များ ငယ်ငယ်က အောက်စက်နဲ့ အကြိမ်ကြိမ်ကြည့်ခဲ့ရတဲ့ 3 Ninjas (1992) ကားလေး ရောက်ရှိလာပါပြီ... ဇာတ်လမ်း အကျဥ်းကတော့ ညီအစ်ကို ၃ယောက်ဟာ ဂျပန်လူမျိုးဖြစ်တဲ့ သူတို့အဘိုးဆီမှာ ငယ်စဥ်ကထဲက နွေရာသီတိုင်း နင်ဂျာပညာကို လေ့လာဆည်းပူးကြပါတယ်... အဘိုး မိုရီဟာ နင်ဂျာအတတ်မှာ ထူးချွန်သူဖြစ်ပြီး တပည့်တပန်း အများကြီးကို မွေးထုတ်ခဲ့ဖူးသူပါ။ သူ့မြေး၃ယောက်ကိုလည်း သူတတ်တဲ့ပညာ အစွမ်းကုန်သင်ပေးခဲ့တယ်။ တစ်ခုသောနွေရာသီမှာတော့ ကလေးတွေရဲ့ အဖေဖြစ်သူ ဖယ်ဒရယ်အေးဂျင့် ဆမ် လိုက်ဖမ်းနေတဲ့ လက်နက်ကုန်သည် လူဆိုး စနိုင်ဒါဟာ ကပ်သီးလေး လွတ်မြောက်သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ စနိုင်ဒါဟာ အဘိုးနဲ့အတူ ပါတနာအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ နင်ဂျာ တစ်ယောက်ပါပဲ။ သူ့ရဲ့ ရှေ့ဆက်မယ့် ကုန်သွယ်ရေးမှာ ဆမ်တစ်ယောက် ဝင်မနှောင့်ယှက်နိုင်စေဖို့ ကလေး၃ယောက်ကို ပြန်ပေးဆွဲဖို့ ကြိုးစားပါတော့တယ်။ ကလေး၃ယောက်ဟာ ပြန်ပေးဆွဲအစီအစဥ်ကို ဘယ်လိုတုန့်ပြန်ကြမလဲ...? ဇာတ်အိမ်လေးကရိုးရှင်းပြီး မိသားစုနဲ့အတူကြည့်လို့ကောင်းမယ့် ကားကောင်း တစ်ကားပါ။ ကလေး၃ယောက်ရဲ့ ချစ်စဖွယ် အမူအရာဟန်ပန် တိုက်ကွက်တွေကိုကြည့်ပြီး နင်ဂျာ ဖြစ်ချင်ခဲ့ကြတဲ့အချိန်တွေကို ဇာတ်လမ်းလေး ကြည့်ရှုရင်း တမ်းတလိုက်ကြပါဦးလို့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 780MB Quality - 1080p, 720p IMDb Rating - 5.3/10 Format - mp4 Duration - 1H 24Min Genre - Action, Comedy, Family Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y