
Kung Fu Panda ဆိုရင် မသိတဲ့လူမရှိသလောက်ပဲ ကမ္ဘာမှာအောင်မြင်ခဲ့တဲ့ဒီ Animation ကားလေးဟာ Movie လောကမှာသာမက Game လောကမှာရော ဒိတ်ဒိတ်ကြဲကိုအောင်မြင်ခဲ့ပါတယ်။ 1 နဲ့ 2 ကို ကြည့်ရှုခဲ့ကြပြီး ဇာတ်လမ်းဆုံးသွားပြီထင်နေခဲ့တုန်းမှာပဲ 2015 ခုနှစ်ရဲ့ Movie review တွေမှာ စတင်ကြော်ငြာပါလာခဲ့တော့ အရမ်းကိုမျှော်လင့်ပျော်ရွှင်စောင့်စားခဲ့ရတယ်။ အခုတော့ ကျွန်တော်တို့အချိန် CM အချိန်ရောက်ခဲ့ပြီ။ ဒီဇာတ်ကားဟာ အရင်ကားတွေထက်ပိုအောင်မြင်ခဲ့ပြီး IMDb rating 7.1/10 ထိရရှိအောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုအနည်းငယ်ပဲပြောပြချင်ပါတယ်။ ပိုရဲ့ ဆရာဖိုးဖိုးလိပ် ရဲ့ တိုက်ဖော်တိုက်ဖက် ကိုင် ဟာ ဝိညာဉ်ကမ္ဘာက သိုင်းဆရာတွေအားလုံးရဲ့ စွမ်းအင်တွေကို သိမ်းပိုက်ပြီး လူ့ပြည်ကိုပြန်ဝင်ရောက်လာပါတယ်။ ပြီးတော့ လူ့ပြည်က ဆရာတွေအားလုံးရဲ့ စွမ်းအင် ချီ တွေကိုပါ သိမ်းပိုက်လိုက်ပါတယ်။ ဒါကို တားဆီးနိုင်ဖို့အတွက် ပို တစ်ယောက်လက်ရှိအင်အားနဲ့မဖြစ်နိုင်တော့ပါဘူး။ သူကိုယ်တိုင် ချီရဲ့ အရှင်သခင် ဖြစ်အောင်လုပ်ရပါတော့မယ်။ ဒီအဆင့်ကိုရောက်ဖို့ ဆရာလိပ်က နှစ် ၃၀ လောက် တရားထိုင်ခဲ့ရပြီး ဆရာရှီဖူမှာလဲ အဲ့အစွမ်းတောင် မရှိသေးတဲ့အတွက် ပိုတစ်ယောက် လမ်းစပျောက်နေချိန်မှာ သူ့ရဲ့ပျောက်ဆုံးနေတဲ့ ဖခင်က သူ့ကို ချီရဲ့လျို့ဝှက်ချက်တွေ သင်ပေးဖို့ဆိုပြီး ပန်ဒါရွာကို ပြန်ခေါ်သွားပါတော့တယ်။ ဘာတွေဆက်ဖြစ်လဲဆိုတာတော့ဒီMovie ကို Download ဆွဲပြီးသာဆက်ကြည့်ကြပါတော့။ File Size - 851 MB Quality - 1080p Translator - Kyaw Ye Aung (ကသာသားလေး) Encoder - San Win Maung
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ