
ဒီနေ့မှာတော့ CM က ပရိသတ်ကြီးကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးကတော့ ၂၀၂၂ မှာထွက်ရှိခဲ့တဲ့ “desert monster” ဆိုတဲ့ ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့ - “အေးချမ်းစွာနေထိုင်လာခဲ့ကြတဲ့သဲကန္တာရ ကျေးရွာလေးတစ်ခုဆီကို ဗီဇပြောင်း သားရဲတွေ ရောက်ရှိလာခြင်းကနေပြီးတော့ အစပြုပါတယ် အဲဒီရွာငယ်လေးမှာနေထိုင်ကြတဲ့ အများစုဟာဆိုရင် မုဆိုးလုပ်ငန်းကို လုပ်ကိုင်ပြီးတော့ အသက်မွေးဝမ်းကြောင်းပြုကြတဲ့သူတွေပါ ဗီဇပြောင်းသားရဲတွေ ရောက်ရှိလာပြီးတဲ့နောက်မှာတော့ ကျေးရွာက ရွာသူ ရွာသားတွေဟာ ထူးဆန်းတဲ့ ရောဂါတစ်ခုကို ခံစားရပါတော့တယ် အသက်တွေ တစ်ချောင်းပြီး တစ်ချောင်းဆုံးရှုံးနေစဥ်မှာတော့ “ယင်းဇီ” လို့ခေါ်တဲ့ မိန်းမပျိုလေးဟာ သူ့ရဲ့မုဆိုးအပေါင်းအပါတွေနဲ့ အတူတူ သူတို့ကျေးရွာလေးကိုကယ်တင်ဖို့အတွက် မူလဗီဇပြောင်းဖြေဆေးရည်ကို သွားရှာဖို့ ထွက်လာခဲ့ပါတော့တယ် အဲဒီအချိန်မှာ သူတို့တွေလိုချင်တဲ့ မူလဗီဇပြောင်းဖြေဆေးရည်ကို ရရှိဖို့အတွက် ဗီဇပြောင်းသားရဲတွေရဲ့ခေါင်းဆောင် မိခင်သားရဲကြီးကို ဖမ်းဆီမှ ဖြစ်မဲ့ အခြေအနေနဲ့ ကြုံတွေလာရတဲ့အခါမှာတော့ -” ❐ ဘာတွေဆက်ဖြစ်ကြမှာလဲ ? ❐ အသံကြားနိုင်စွမ်းလဲကောင်း / အနံ့ခံနိုင်စွမ်းအားလဲကောင်းတဲ့ ဗီဇပြောင်းသားရဲတွေကိုရော သူတို့ အဖွဲ့လေးရင်ဆိုင်နိုင်ပါ့မလား ? ❐ ကဒ်ဆိုးကြီးကျရောက်နေတဲ့ သူတို့ကျေးရွာလေးကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာ ဒီဇာတ်ကားလေးကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ကြပါဦးရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 916 MB | Download |
ထုတ်လွှင့်သည့်နေ့
November 20, 2022
ကြာချိန်
1h 13m
အဆင့်သတ်မှတ်ချက်
6.0 / 10
Director
Li Liming