
နက်ဖလစ်ရဲ့ ထူးထူးဆန်းဆန်း ရီရယ်လတီ ရှိုးတစ်ခု တင်ဆက်ပေးချင်ပါတယ်ဗျာ။ ဒါကတော့ ရုပ်ရှင်ဇာတ်လမ်းတွဲမဟုတ်ပါဘူး။ လက်တွေ့ဘဝ ပြိုင်ပွဲတစ်ခုကို ဖန်တီးရိုက်ကူးထားတာပါ။ ပြိုင်ပွဲကတော့ ဒီလိုရှိပါတယ်။ အပမ်းဖြေစခန်းတစ်ခုရှိရာကို အင်တာနက်ပေါ်က အရမ်းချော၊ အရမ်းမိုက်ပြီး၊ အရမ်းမွေ အရမ်းထန်တဲ့ စားဘဲကြီး စားစော်ကြီးတွေကို စုစည်းပြီး ဖိတ်ခေါ်လိုက်ပါတယ်။ သူတို့ထင်ထားတာက နွေရာသီ စုပြီး အပမ်းဖြေတာတွေ ပျော်ပါးတာတွေကို မော်ဒယ်ရှိုးသဘောမျိုး ရိုက်မယ်ပေါ့။ အလန်းတွေ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ကြိုတင်ကြံစည်မှုတွေနဲ့ ပျော်နေကြပါပြီ။ ဒါပေမယ့် တကယ်တမ်း ပြိုင်ပွဲကို စတဲ့အချိန်မှာ သတ်မှတ်လိုက်တဲ့ စည်းကမ်းတွေကတော့ ရင်ဝကို ဆောင့်ကန်လိုက်သလိုပါပဲ။ မနမ်းရ၊ လိင်ကိစ္စမပြုလုပ်ရ၊ အာသာတောင် မဖြေရဆိုတဲ့ စည်းကမ်းပဲ ဖြစ်ပါတယ်။ စည်းကမ်းအတိုင်းအောင်မြင်သူကတော့ ဒေါ်လာ တစ်သိန်းတိတိ ဆုငွေရမှာပါတဲ့။ ရည်ရွယ်ချက်ကတော့ ယောက်ျားလေးမိန်းကလေးတွေကြားမှာ ဖြူစင်တဲ့ ရင်းနှီးမှုနဲ့ ပိုအဓိပ္ပါယ်ရှိတဲ့ ဆက်ဆံရေးတွေ ထားတတ်လာအောင်ပဲ ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် သူများတွေထက်ကို ပိုချောပြီး သူများတွေထက်ကို ပိုထန်တဲ့ အလန်းတစ်သိုက်အတွက်ကတော့ တကယ်ကို အခက်အခဲကြီးပါပဲ။ ဒီအပိုင်းလိုက်တွေမှာ ဘယ်သူတွေ တင်းခံနိုင်မလဲ၊ ဘယ်သူတွေ ဘာကြောင့် အရှုံးပေးသွားမလဲ ဘယ်လိုမထင်ထားတာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာမို့ တကယ်ပျော်စရာပါပဲ။ ပိုစတာက ပုံတွေကို မြင်တာနဲ့ သူတို့ကို ကိုယ်ချင်းစာနိုင်သွားမယ်ထင်ပါတယ်။ စတေးဟုမ်းမှာ မျက်စိအစာကြွေးဖို့အတွက် သင့်တော်လွန်းလို့ တင်ဆက်ပေးလိုက်ပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Littleneo နဲ့ d3mon ဖြစ်ပါတယ်။) Quality – 720p NF WEB-DL Duration – 40min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Game-Show, Reality-TV Translator – Littleneo & d3mon Encoder – Thanhtike Zaw
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
April 17, 2020
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.7 / 10
Director