
CM Fan ထဲက အမျိုးသမီး တစ်ချို့က ကျနော့်ကိုလာပြောတယ် ကိုသစ် ဟင်းချက် တာတွေနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေ မရှိဘူးလားတဲ့ ကျနော် တော်တော် ခေါင်းခြောက်သွားတယ်... အာ့တာနဲ့ အစားအသောက် နဲ့ ပတ်သက်တဲ့ TV Show တွေ အများကြီး လိုက်ကြည့်ရတယ် Korean TV Show တွေ ကြည့်တယ် အမျိုးသမီးတွေက ကိုရီးယား ဒရာမာ အရူးတွေကိုး ဒါပေမယ့် Korean TV Show တွေက မင်းသား မင်းသမီးတွေကို အစားအသောက်တွေကျွေးမယ် အဲ့ပေါ်မှာဆုံးဖြတ်ခိုင်းတဲ့ပေါ့ပျက်ပျက် TV Show သာသာပဲ ဆိုတာသိပြီးနောက် နောက်ဆုံးမှာ ကျနော် သဘောအကျဆုံး TV Show တစ်ခုကို သွားတွေ့တယ် အဲ့ဒါကတော့ MasterChef ဆိုတဲ့ TV Show ပါ TV Show က Season 10 ခု ရှိပါတယ်... အဲ့ဒီထဲမှာမှ Season 10 ကနေ စတင်ပေးဖို့ပဲ စီစဉ်လိုက်ပါတယ်.... ယခု တင်ဆက်နေတဲ့ Season 10 ဟာ MasterChef ရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ် ဖြစ်သလို အခက်အခဲဆုံး ပြိုင်ပွဲတစ်ခုအဖြစ် ဒိုင်တွေကိုယ်တိုင်က ကြေငြာပေးထားပါတယ် MasterChef ရဲ့ ပုံစံကတော့ ကျနော်တို့ အခု ခေတ်စားနေတဲ့ The Voice Myanmar တို့ Myanmar idol တို့လို ပွဲမျိုးပဲ ဖြစ်ပါတယ်... တစ်ခု ထူးခြားတာက အမေရိကန် တစ်နိုင်ငံလုံး အနှံ့မှာ အရည်အသွေးစစ် ပွဲတွေ နိုင်လာပြီးတဲ့ လူ ထောင်ချီ ထဲကနေ အမေရိကန် မှာ အတော်ဆုံး စားဖိုမှူးကြီး ၃ ယောက်က ဒိုင်လုပ်ပြီး လူ ၂၄ ယောက်ကို ရွေးချယ်ရမယ့် ရင်ခုန်စရာ ပြိုင်ပွဲကြီး တစ်ခု ဖြစ်ပါတယ်... တစ်ယောက်ကို ၈ ယောက် ရွေးချယ်ရမှာ ဖြစ်ပြီး အဲ့ဒီလို ၈ ယောက်ဆီ ရွေးပြီး ဒိုင်လူကြီးစားဖိုမှူးကြီးတွေရဲ့ သင်ကြားမှု နဲ့ နောက်ဆုံး တစ်ယောက်က ဖိုင်နယ် မှာ အနိုင်ရရှိအောင် ကြိုးစားရမှာဖြစ်ပါတယ်.... ယခင် Season တွေတုန်းက အထက်ပါ အတိုင်း လူရွေးခဲ့ပေမဲ့ Season 10 မှာတော့ ဒိုင်တွေ အားလုံးက အမှတ်ပေးပြီး စုပေါင်းရွေးချယ်ခဲ့ပါတယ် အတော်ဆုံး ဆိုတဲ့လူတွေကိုမှ လိုချင်တဲ့အတွက်ပါ တစ်ခုပြောချင်တာက သင်မြင်နေကြ မြန်မာပြည်ရဲ့ လုပ်ပွဲတွေနဲ့ မတူတဲ့ ခံစားချက်ကို အရင် တွေ့ရမှာဖြစ်ပြီး ရုပ်ချောရုံ ဟင်းချက်တက်ရုံနဲ့ ရွေးချယ်မှာ မဟုတ်သလို သင့်ကို အန်ကယ်ကတော့ နိုးပါ လို့ ပြောမှာတင် မကပဲ စောင်သုံးမကျဘူးတို့ မင်းက စောင်ရမ်းစိတ်ပျက်ဖို့ ကောင်းတယ်တို့ စတဲ့ စကားလုံး တွေနဲ့ လာပြိုင်တဲ့သူတွေကို သက်သေချင်စိတ် ပေါက်အောင်ထိ ဒိုင်တွေက ဝေဖန်တာကို မြင်ရမှာပါ... ကျနော်ကတော့ ကျနော်ကြည့်ဖူးသမျှ Show တွေထဲမှာ အကြိုက်ဆုံး အဖြစ် MasterChef ကို ထည့်လိုက်ပါပြီ Season 10 ရဲ့ ပြိုင်ပွဲ တစ်ခုလုံးကို ရင်ခုန်စွာ ကြည့်ရှုနိုင်ဖို့ CM Translator Aye Mon Kyaw နှင့် Yu Yu Aye တို့က ဘာသာပြန်တင်ဆက်ပေးထားပါတယ်
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
July 27, 2010
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.3 / 10
Director