
EXO's D.O., Crush, Zico, Yang Se Chan, Choi Jung Hoon နဲ့ Lee Yong Jin တို့လိုမျိုး နာမည်ကြီးတွေချည်း ပါဝင်ထားကြတဲ့ SBS ရဲ့ Variety ရှိုးအသစ်လေး "No Math School Trip" ထွက်ရှိလာပါပြီ။ ဒီရှိုးလေးမှာဆိုရင်တော့ ဒီသူငယ်ချင်း ၆ ယောက်ဟာ နှင်းတွေဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာဆီကို အစီအစဉ်ရေရေရာရာမရှိဘဲ ခရီးထွက်ကြရင်း ထူးထူးခြားခြားမစ်ရှင်တွေကို ဆောင်ရွက်ကြရမှာပါ။ ဂျပန်နိုင်ငံ Hokkaido မြို့ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဒီအစီအစဉ်လေးမှာ D.O. တို့ Crush တို့ သူငယ်ချင်းတစ်စုက ဘယ်လိုရယ်စရာမောစရာတွေကို ဖန်တီးသွားကြမလဲဆိုတာ အခုကစပြီး အပတ်စဉ် စနေနေ့တိုင်းမှာ စောင့်မျှော်ကြည့်ရှုနိုင်ပြီဖြစ်လို့ ရသစုံရှိုးကောင်းကောင်းလေးကို မျှော်နေကြတဲ့ပရိသတ်ကြီး လက်လွှတ်မခံဘဲ ကြည့်ရှုလိုက်ကြပါဦးနော်။ အညွှန်းကိုတော့ Hmwe Tbet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။ Genre..... Reality Quality…. 1080p | 720p File size… 2GB | 700MB Format… mp4 Duration….1h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... CM Variety Team Encoder ..... Aaron
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
March 9, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.0 / 10
Director
Choi Bo-pil, Park Na-eun