
Squid Game ကြောင့် ကမ္ဘာတစ်၀န်းမှာ အောင်မြင်မှုရခဲ့တဲ့ Netflix ဟာ K-Wave အကြောင်း ကောင်းကောင်း နားလည်သွားပြီမို့ Korean Project မြောက်များစွာကို ကြေညာခဲ့ပါတယ်။ အဲ့ထဲမှာ Single Inferno ဆိုတဲ့ Variety Show လည်း အပါအ၀င်ဖြစ်ပါတယ်။ Too hot to handle ကြည့်ဖူးတဲ့လူတွေကတော့ ဒီ Show လေးနဲ့ စိမ်းနေမှာ မဟုတ်ပါဘူး ဘာလို့လဲဆိုတော့ သဘောတရားက အတူတူပဲမို့လို့ပါ။ လန်းလှပါချည်ရဲ့ဆိုတဲ့ လူချောလူဖြောင့်တွေကို လူသူမရှိတဲ့ကျွန်းပေါ်မှာ အတူစုနေခိုင်းပြီး အချစ်စစ်ကိုရှာဖွေခိုင်းမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း စည်းမျဥ်းစည်းကမ်းတွေချမှတ်ထားတာမို့ ပွဲကြမ်းချင်တိုင်းကြမ်းလို့တော့ မရပါဘူး။ နောက်ထပ် စိတ်၀င်စားစရာအချက်က ဒီရှိုးကို မမ Lee Da Hee နဲ့ Super Junior အဖွဲ့ဝင် KyuHyun တို့ Main host အဖြစ် တာ၀န်ယူရိုက်ကူးခဲ့တာမို့ အတော့်ကိုလန်းနေမှာပါ။ ကိုရီးယား Variety လောကမှာ ဒီလိုရှိုးမျိုးက ရှားမှရှားဖြစ်တဲ့အတွက် နာမည်ကြီးဦးမှာ အသေအချာပါပဲ။ မြင်ရလွန်းလို့ရိုးနေပြီဖြစ်တဲ့ အနောက်တိုင်းသားတွေရဲ့ ခန္ဓာကိုယ်အဖုအထစ်တွေကို မကြည့်ချင်တော့ဘဲ ဖြူဖြူသွယ်သွယ် ကိုရီးယားမလေးတွေနဲ့ အိုပါးချောချောလေးတွေကို မျက်စိအစာကျွေးချင်တယ်ဆိုရင်တော့ စုစုပေါင်း (၈)ပိုင်းပါ၀င်တဲ့ Single Inferno ကို 18 ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမှာဖြစ်ပြီး အပတ်စဥ် စနေနေ့တိုင်း Channelmyanmar မှာ တင်ဆက်ပေးမှာမို့ လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ (အညွှန်းကို Thet Hnin Hsu မှ ရေးသားပေးထားပါတယ်) File Size –480MB @ 700MB @ 900MB @Episode Quality – 720p / 480p / 1080p Duration – 60minute (@Episode) Total Episodes: 8 Subtitle – Myanmar Hardsub Format – Mp4 Genre : Reality Show Translator – CM Variety Team Encoder – YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
December 18, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.9 / 10
Director
Kim Jae-won, Kim Na-hyun