
The Rising (2023) ဒီဇာတ်လမ်းမှာ မင်းသမီးသေသွားပါတယ်လို့ပြောရင် အညွှန်းရေးသူကအကျင့်ယုတ်ပြီး စပွိုင်လာပေးတယ်မထင်လိုက်ပါနဲ့။ မင်းသမီးသေတဲ့နေရာကပဲစရတဲ့ သဘာဝလွန်လူသတ်မှုဇာတ်လမ်းဖြစ်နေလို့ပါ။ သေသွားတဲ့ကောင်မလေးက နိဗ်။ သူ့အထင်အရတော့ တစ်မနက်မှာ သူကရေကန်ကြီးထဲမှာ အိပ်ရာကနိုးလာတယ်ပေါ့။ တကယ်တမ်းတော့အဲ့ဒါက သူ့ဝိဥာဥ်ပါ။ သူ့ကိုယ်သူသေပြီမှန်းတောင်မသိတဲ့ နိဗ်က အိမ်တွေဘာတွေပြန်ပြီး သူ့အမေရယ်ညီကိုမောင်နှမတွေရယ်နဲ့ စကားပြောဖို့ပါကြိုးစားလိုက်ပါသေးတယ်။ သူတို့ကသူ့ကိုမမြင်နိုင်မှန်းသိပြီး သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေကိုတွေ့မှပဲ သူသေပြီဆိုတာသဘောပေါက်လိုက်ပါတယ်။ ဒါပေမဲ့နိဗ်က သူဘာကြောင့်သေသွားလဲ။ သူ့ကိုဘယ်သူကသတ်တာလဲဆိုတာ မမှတ်မိပါဘူး။ သူမသေခင်တစ်ညကလဲ သူကကွင်းပြင်တစ်ခုမှာလုပ်တဲ့ပါတီမှာရှိနေပြီး အဲ့မှာ သူ့အဖေ သူ့ချစ်သူ သူ့ဘော်ဒါတွေအပြင် သူတို့မြို့လေးကတခြားသူတွေလဲရှိနေခဲ့တယ်။ သူတို့ထဲကဘယ်သူဖြစ်နိုင်မလဲဆိုတာနိဗ်ရှာရမှာပါ။ တစ်ခုထပ်ထူးတာက နိဗ်ရဲ့ဝိဥာဥ်ကို မြင်နိုင်တဲ့လူတစ်ချို့ရှိပါသေးတယ်။ သူတို့ကဘာလို့နိဗ်ကိုမြင်နိုင်ရတာလဲ? ဘယ်လိုဖြစ်ဖြစ် နိဗ်ကသူတို့အကူအညီကိုယူပြီး သူ့ကိုသတ်တဲ့လူသတ်မှုကို ကိုယ်တိုင်ပြန်စုံစမ်းတာကိုကြည့်ရမယ့် ထူးခြားတဲ့စီးရီးကောင်းတစ်ခုပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Crime, Sci-fi & Fantasy Quality…. 1080p | 720p File size… 500MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
April 22, 2022
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.8 / 10
Director