
IMDb 8.2/10 MyAnimeList 8.1/10 ဒီဂျပန်ကာတွန်းကတော့ သပွတ်အူဇာတ်လမ်းမျိုးကိုကြိုက်တဲ့လူတွေအတွက် အထူးသင့်လျော်ပါတယ်။ ပြီးတော့ promise neverlandတို့၊ aotတို့လို vibeမျိုးလည်း နည်းနည်းရတယ်ဗျ။ (တူတယ်ပြောတာမဟုတ်ဘူးနော်။ တံတိုင်းကာထားတာတို့၊ ကလေးတွေကို သင်ကြားတာတို့မှာတူတာပါ)။ ပြီးတော့ ဇာတ်လမ်းအစပိုင်းတွေမှာ မြို့ပျက်ကြီးထဲ နှစ်ယောက်ထဲလျှောက်သွားနေပုံကလည်း the last of usတို့ဘာတို့ကိုပြေးမြင်တယ်ဗျ။ မူလ မန်ဂရုပ်ပြကိုတော့ ဆရာMasakazu Ishiguroက ရေးဆွဲခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပါ။ အတွဲ (volume) ၈တွဲအထိထွက်ရှိထားပြီး ဆက်လက်ထွက်ရှိနေတုန်းပါ။ Animeထွက်ထားသလောက် ဇာတ်လမ်းကိုပြောရရင်တော့ ပြိုပျက်ခြင်းဆိုတဲ့ကပ်ဆိုးကြီးအပြီးမှာ တံတိုင်းပတ်လည်ကာထားတဲ့ ကျောင်းတော်ကြီးတစ်ခုက Mimihimeဆိုတဲ့ကောင်မလေးဟာ တံတိုင်းရဲ့အပြင်ဘက်မှာ ကမ္ဘာတစ်ခုရှိနေတာကိုရိပ်မိလာခဲ့ပါတယ်။ ထို့အတူပဲ Tokioဆိုတဲ့တစ်ယောက်ဟာလည်း အတန်းစာမေးပွဲဖြေနေစဥ်မှာ အပြင်ရဲ့အပြင်ကိုထွက်ကြည့်ချင်လားဆိုတဲ့စာတစ်စောင်ရောက်လာခဲ့ပါတယ်။ အပြင်ဆိုတာရှိလားလို့ ကျောင်းရဲ့ညွှန်ချုပ်ကိုမေးကြည့်လိုက်တဲ့အခါမှာတော့ အပြင်လောကဆိုတာရှိပြီး အလွန်စက်ဆုပ်ဖို့ကောင်းတဲ့ မကောင်းဆိုးဝါးတွေနဲ့ပြည့်နေတာပါလို့ ပြန်ဖြေပါတော့တယ်။ အပြင်ဘက်လောကထဲမှာတော့ Tokioနဲ့ရုပ်ချင်းတူတဲ့ Maruဆိုတဲ့ဘဲလေးဟာ Kirukoဆိုတဲ့စော်လေးကို ဘော်ဒီဂတ်ငှားပြီး ကောင်းကင်ဘုံဆိုတဲ့နေရာကိုလိုက်ရှာနေတာပါ။ Maruဆီမှာလည်း ဆေးထိုးအပ်နဲ့ဆေးတစ်မျိုးရှိနေပြီး Maruနဲ့ရုပ်တူတဲ့လူကိုတွေ့တာနဲ့ ထိုးပေးဖို့ပါညွှန်ကြားခံထားရပါတယ်။ အဲ့လိုနဲ့မြို့ပျက်ကြီးအတိုင်းဖြတ်သန်းပြီး ခရီးထွက်လာရင်းနဲ့ ထူ းဆန်းတဲ့တည်းခိုခန်းကိုရောက်ရှိသွားတဲ့အခါမှာတော့..... Spoiler ............ သိမ်းငှက်သူရဲကောင်းသိုင်းကားကြိုက်သူများအတွက် ဂူးဂူးနဲ့သစ်ပင်အောက်ကဇာတ်ဝင်ခန်းလိုမျိုး ဇာတ်ဝင်ခန်းလည်း နောက်ပိုင်းပါပါတယ်။ အသဲမခိုင်သူများကြည့်မိမှာစိုးလို့ပါ 😁 Genres: Animation, Action, Mystery Duration: 23 mins Episodes: 13 Original Network: Tokyo MX File Size: 1080p (300 MB) Translated by Dr Nyan Encoded by Thit San Khant
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
April 1, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.2 / 10
Director