
IMDb - 8.7 Young Justice ဆိုတာ Brandon Vietti နဲ့ Greg Weisman တို့နှစ်ယောက် Cartoon Network channelအတွက် ဖန်တီးခဲ့ကြတဲ့ အမေရိကန် Animated Seriesတစ်ခုဖြစ်ပါတယ် Young Justice League Series ဟာ Peter David ,Todd Dezago နဲ့Todd Nauck တို့ရဲ့Young Justice comic seriesကိုမှီငြိမ်းပြီး DC Universe ရဲ့ စူပါဟီးရိုးလေးတွေကို အာရုံစိုက် မိလာအောင် ဖန်တီးခဲ့ကြတာဖြစ်ပါတယ် အဆိုပါ Series ကို 26.11.2010 နေ့မှာ ကနေဒါနိုင်ငံမှာစတင်မိတ်ဆက်ခဲ့ပါတယ် Director များကတော့ Jay Oliva နဲ့ Michael Chang တို့ပါ YJL animated series ဟာ 2011ခုနှစ် မှာချီးမြှင့်တဲ့ Primetime Emmy Awards 2011(Animation ဆု) အပြင်အခြားသော အသံပိုင်းဆိုင်ရာ ဆုများစွာကိုဆွတ်ခူးထားပါတယ် ဒီSeries မှာဆိုရင် Young Justice League အဖွဲ့ဝင်တွေဖြစ်တဲ့ ဆယ်ကျော်သက် ဟီးရိုးတွေရဲ့ နေထိုင်မူ့ဘဝတွေ စွန့်စားခန်း တွေကိုတွေ့မြင်ကြရမှာဖြစ်ပါတယ် YJL အဖွဲ့ဟာဆိုရင်ဖြင့် စစ်ဆင်ရေးတွေလုပ်ဆောင်ရင်းသူတို့ရဲ့ စီနီယာ ဟီးရိုးကြီးတွေအဖွဲ့ဖြစ်တဲ့ Justuice League အဖွဲကြီးရဲ့ မရှိမဖြစ် အထောက်အကူပေးနိုင်မယ့် အဖွဲ့လေးဖြစ်လာခဲ့ပါတယ်။ ဆက်ပြီးတော့YJLအဖွဲဝင်တွေနဲ့ဆက်လက် မိတ်ဆက်ပေးချင်ပါတယ် YJL ရဲ့ပထမ seasonမှာ အဖွဲ့ခေါင်းဆောင်က Aqualad ဖြစ်ပြီး အဖွဲ့ဝင်တွေအနေနဲ့ Robin(Dick Grayson), Superboy, Kid Flash(Wally), Miss Martian,Artimisတို့အဓိကပါဝင်ထားပြီး ဗီလိန်တွေအနေနဲ့တော့ Vandal Savage(Immortal အဖွဲ့ခေါင်းဆောင်), Lex Luthor,Ra's Al Ghul(The light ဂိုဏ်း ချုပ်),တို့ပါဝင်ထားပါတယ်။ Quality : 1080p HMAX WEB DL / 720p Format : mp4 Genres :Animation ~ Action ~ Adventure Duration :23mins Subtitle : Myanmar Subtitle ( Hardsub ) Translated by Myo Kyaw Thant ~ JimX ~ Jaka ~ ThiHa Yan Naing Encoded by YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
October 16, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.5 / 10
Director