
School of Lies(2023) IMDb-5.9/10 နာမည်ကတော့ မုသားကျောင်းတော်တဲ့ အိန္ဒိယနိုင်ငံရဲ့ စိတ်ကူးယဉ်ဆန်တဲ့ Dalton မြို့တော်က ဘော်ဒါကျောင်းတစ်ခုမှာ setting ထိုင်ရိုက်ကူးထားပြီး BBC ကနေထုတ်လုပ်လိုက်တဲ့ ကျောင်းသားစီးရီးလေးဖြစ်ပါတယ် ဒီဇာတ်လမ်းကလည်း ဖြစ်ရပ်မှန်ပါပဲ ဒါပေမဲ့ ဘယ်နိုင်ငံဘယ်မြို့မှာဖြစ်ခဲ့တာပါဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြောမထားကြပါဘူး ဇာတ်လမ်းအညွှန်း RISE ဆိုတဲ့ကျောင်းတော်ကနေ ၁၂ နှစ်အရွယ် ရှက်တီဆယ်လ်ဂွန်ကာဆိုတဲ့ ကျောင်းသားလေးတစ်ယောက် ရုတ်တရက်ပျောက်သွားပါတယ် အစကတော့ သာမန်ပဲကျောင်းသားတစ်ယောက် ကျောင်းလစ်ပြီးလျှောက်သွားတယ်ထင်ကြတာပေါ့ အချိန်ကြာလေ ဘယ်သူ့ဆီကမှဘာသတင်းအစအနမှမရလေတော့ ကိစ္စတွေကရိုးရှင်းမနေတော့ပါဘူး ဒီလိုနဲ့ မိဘတွေသူငယ်ချင်းတွေအဆင့်ဆင့်လိုက်မေး ခုတွေ့တယ်ပြောလိုက် တော်ကြာနေမတွေ့မိပါဘူးပြောလိုက်နဲ့ တစ်ယောက်တစ်မျိုးထင်ရာတွေပြောကြပေါ့ ဒါကိုပဲလိုက်အဖြေရှာဖော်ထုတ်ကြမှာဖြစ်ပါတယ် ဇာတ်လမ်းနာမည်အတိုင်းပါပဲ ဒီကျောင်းတော်ကအလွှာအသီးသီးက ဖုံးဖိလိမ်ညာထားတာတွေရှိနေပါတယ် ပျောက်သွားတာရိုးမှရိုးရဲ့လား ဘယ်သူတွေက ဘာအကြောင်းရင်းတွေနဲ့ နောက်ကွယ်မှာရှိနေသလဲ.. "လိမ်ညာလိုက်တာမှန်ပေမဲ့ ကောင်းစေချင်တဲ့ရည်ရွယ်ချက်ရှိရင် အဖြူရောင်မုသားတဲ့.. ထိခိုက်သွားစေတဲ့စိတ်နဲ့ လိမ်လိုက်ရင် အနက်ရောင်မုသားလား.... ကောင်းစေချင်တဲ့စိတ်နဲ့လိမ်လိုက်ပေမဲ့ တစ်ဖက်မှာထိခိုက်သွားတာလည်းရှိတဲ့ အဆိုးအကောင်းရောနေတာက မီးခိုးရောင်မုသားလား...." မုသားကျောင်းတော်ကြည့်ပြီး မုသားတွေကို အဓိပ္ပာယ်ဖော်ကြည့်ပါဦး File Size : 700MB / 400MB Quality : 1080p WEB DL / 720p Total Episodes : 8Eps Format : mp4 Genres : Drama , Mystery ,Thriller Duration : 35mins Subtitle : Myanmar Subtitle ( Hardsub ) Translated by PyaePhyo~ Aditi~BpL~Yunni Encoded by YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။