
IMDb 9.2/10 လေလွင့်ဆာမူရိုင်းကြီးအကြောင်းကတော့ လူတိုင်းနီးပါး သိပြီးကြလောက်ပြီဖြစ်လို့အညွှန်းကိုမရေးခင် ဇာတ်အိမ် အခြေတည်ရာခေတ်ကိုအကြမ်းဖြင်းပြောပြချင်ပါတယ်။ ဘတိုစိုင်းဘဝကနေအနားယူပြီး အသွားပြောင်းပြန်ဓါးကိုကိုင်ကာ လျှောက်သွားနေတာက မဲဂျီခေတ်ပါ။မဲဂျီခေတ်ဟာ ၁၈၆၈ ကနေ ၁၉၁၂အထိ ၄၄ကြာခဲ့ပြီး ဂျပန်နိုင်ငံမှာ ပါလီမန်စနစ်ကို စတင်ကျင့်သုံးကာ စက်မှုတော်လှန်ရေးနဲ့စစ်တပ်ကိုလည်း ခေတ်မီလက်နက်တပ်ဆင်ရေးကိုအကြီးအကျယ်လုပ်ခဲ့ပါတယ်။ မဲဂျီခေတ်မတိုင် အဲဒိုခေတ်ကတော့ ၁၆၀၃ကနေ ၁၈၆၈အထိ နှစ်ပေါင်း ၂၆၀လောက်ကြာခဲ့ပြီး အဲဒိုခေတ်တွင် ရှိုဂန်(စစ်ဘုရင်) များကကြီးစိုးခဲ့ပါတယ်။ မဲဂျီခေတ်မှာတော့ ရှိုနန်တို့ရဲ့အာဏာ လျော့ကျကာ ဧကရာဇ်ဘုရင်ရဲ့အာဏာဟာ ပိုပြီးကြီးမားလာခဲ့ ပါတယ်။ မဲဂျီခေတ်မှာ အနောက်တိုင်း ပညာရပ်နဲ့ယဥ်ကျေးမှုတွေ လည်း အကြီးအကျယ်နေရာယူခဲ့ပြီး ရိုးရာယဥ်ကျေးမှုနဲ့ဆာမူရိုင်း တွေအပေါ်မှာပါ အကြီးအကျယ် သက်ရောက်မှုရှိခဲ့တာကြောင့် ဆိုင်ဂို တာခါမိုလိဦးဆောင်တဲ့ ဆာမူရိုင်းတွေဟာ ဘုရင့်တော်ဝင် တပ်ကိုပုန်ကန်ခဲ့ကြပါတယ်။ (အဲ့ဒီဇာတ်ကြောင်းနဲ့ပတ်သတ်ပြီး ကြည့်လိုလျှင် မင်းသားTom Cruiseရဲ့ the last samuraiရုပ်ရှင်ကိုကြည့်ပါ) လေလွင့်ဆာမူရိုင်းကြီးရဲ့ဘတိုစိုင်းဇာတ်ကောင်စဖြစ်တဲ့ခေတ် ကတော့ မဲဂျီခေတ်အကူးအပြောင်းကာလ အဲဒိုခေတ်ပြီးဆုံးခါနီး ဘခုမဆွတ်ခေတ်(1853-1867)ပါ။ ဒီဇာတ်လမ်းကြီးကို အဓိကဇာတ်အိမ်တည်ထားတဲ့မဲဂျီခေတ်အပြောင်း အခြေအနေပါ။ ဇာတ်လမ်းအကျဥ်းကတော့ ဘခုမဆွတ်ခေတ်မှာ နာမည်ကြားရုံနဲ့ ကြက်သီးတွေပါထစေတဲ့ ဟိတိုခိလိ ဘတိုစိုင်းကြီးတစ်ယောက် ဇာတ်မြုတ်ပြီးနောက်ပိုင်းအခြေအနေတွေကို ရသအစုံအလင်နဲ့ ကြည့်ရမှာလို့ပဲ အပျင်းထူစွာနဲ့ အညွှန်းရေးလိုက်ပါတယ်။ File Size – 286MB @Episode Quality – 1080p Duration – 24 minute (@Episode) Total Episodes: 24Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Animation / Action / Adventure Translator – Dr Nyan Encoder – Min Wai
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
July 7, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
9.2 / 10
Director