
သိုင်းလောက စိန်ခေါ်သံ ဇာတ်လမ်းတွဲ =================================== ယိ........ယား................ဆိုတဲ့အသံလေးကို ငယ်ငယ်တုန်းက ကြားဖူးခဲ့ကြမှာပါ...မှန်ပါတယ်..အခုပြန်လည်တင်ဆက်မှာက.... လင့်ဟူချုန်း..နတ်ကလျာ...တုန်ဖုန်းပုပိုက် စတဲ့ ကလေးဘဝက ဇာတ်ကောင်တွေနဲ့ ပြန်လည်တွေ့ဆုံရမယ့် သိုင်းလောကစိန်ခေါ်သံ ဇာတ်လမ်းတွဲပါ။ စာရေးဆရာ ကျင်းယုံရဲ့ သိုင်းလောက Universe ထဲက လက်ရာအမြောက်ဆုံးဇာတ်လမ်းတွဲပါ။ သိုင်းလောကထဲက ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ပုရိသအပေါင်းတို့ လေးစားအားကျ မြတ်နိုးခဲ့တဲ့သူရဲကောင်းတစ်ယောက် ရှိခဲ့ပါတယ်။ သူကတော့ အမှန်တရားကိုမြတ်နိုးတတ်တဲ့ ရိုးသားဖြောင့်မတ်တဲ့ ကောက်ကျစ်ရန်လိုမှုကင်းတဲ့ ကျေးဇူးတရားကိုအသက်ထက် စောင့်သိတတ်တဲ့ သူရဲကောင်းလင့်ဟူးချုန်းပဲဖြစ်ပါတယ်။ ဒီသိုင်းစာအုပ်ကို ဖတ်ဖူးတဲ့ ဇာတ်လမ်းကို ကြည့်ဖူးတဲ့သိုင်းလောကသားတိုင်းလည်း သူ့ရဲ့ ကိုယ်ကျင့်စရိုက်ကို အားမကျဖူးတဲ့သူမရှိသလောက်ပါပဲ(ရှက်ကီလည်း သိပ်ကြိုက်တတ်သူပါ) သူ့အတွက် ပါရမီဖြည့်ဖက်အနေနဲ့ကတော့ နတ်မိမယ်တစ်မျှချောမောလှပလွန်းတဲ့ အချစ်ကြီးသလို အရှက်ရော အမျက်ပါကြီးတတ်တဲ့ သိုင်းပျိုဖြူလေး ယဉ်ယဉ်က ပါဝင်အားဖြည့်ထားပြန်တော့ အချိုပေါ်သကာလောင်းလိုက်သလိုပါပဲ သိုင်းလောကရဲ့ ဒဏ္ဍာရီဓါးသိုင်းတစ်ခုဖြစ်တဲ့ တူးကူးဓါးကိုးကွက်ရဲ့(ဧကရာဇ်ကိုးကွက်)နက်ရှိုင်းမြင့်မားပုံကိုလည်း ကြည့်ရှုခံစားနိုင်မှာပါ။ သိုင်းလောကသားတို့ရဲ့ အတောမသတ်နိုင်တဲ့ရမ္မက်ဆန္ဒတွေ သူတော်ကောင်း လမ်းမှန်လို့ ခံယူထားသူတစ်ချို့ရဲ့ ကန့်လန့်ကာနောက်ကွယ်က ယုတ်မာ ရိုင်းစိုင်းမှုတွေ အဖြူနဲ့အမဲ အမှားနဲ့ အမှန်ကြားက ဖြူစင်စွာနှောင်ဖွဲ့မိခဲ့တဲ့ သံယောဇဉ်အပိုင်းအစတွေ ငါးစာရဲ့နောက်ကွယ်ကနေ ပါလာတတ်တဲ့ အသွားထက်ထက်နဲ့ ငါးမျှားချိတ်တွေ အချစ်အလွမ်း အမုန်းအာဃာဒ နူးညံ့တဲ့ ဂီတ သံယောဇဉ်စတဲ့ ရသအမျိုးမျိုးနဲ့ ခြယ်မှုန်းထားခဲ့တဲ့ သိုင်းလောကရဲ့စိန်ခေါ်သံဆိုတဲ့ ဇာတ်လမ်းတွဲကြီးဟာ မူရင်းစာရေးဆရာ ကျင်းယုံရဲ့ ဝတ္တုကို ၂၀၀၁ ခုနှစ်မှာဇာတ်လမ်းတွဲအနေနဲ့ ပြန်လည်ရိုက်ကူးထားခဲ့တာပါ။ IMDb (8.0)ရရှိထားပါတယ်။ ကြည့်ဖူးပြီးသားလူတွေရှိပေမယ့် ဂန္တဝင်သိုင်းဇာတ်လမ်းတွဲကို အကြည်ဆုံး Version နဲ့ မှတ်တမ်းတင်ခဲ့ချင်တာကြောင့် ChannelMyanmar ကနေ ပြန်လည်တူးဖော်ပြီး အကြည်ဆုံး Quality နဲ့တင်ဆက်လိုက်ပါတယ်။ သိုင်းလောကသားများအတွက် ဆက်လက်ကြိုးစားပါဦးမည်။ ( ဘာသာပြန်တင်ဆက်ထားတဲ့ သိုင်းလောကသားများကတော့ Min Thet Oo , Sitt Moe Eain , Nay Nay , Tazin ,Chue Chue , Aung Myat Shwe တို့ဖြစ်ပါတယ်။) File Size…(500 MB) and (270 MB) Quality…DVD9 Rip Format…mp4 Episode…(40) Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung သိုင်းလောကစိန်ခေါ်သံ ဇာတ်လမ်းတွဲ အပိုင်းများကို အောက်ကလင့်မှာဒေါင်းကြပါ။
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
March 25, 2001
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.6 / 10
Director
Zhang Jizhong