
ဒီတစ်ခါတော့ မင်းသားချော ဂန်ဟာနူး ရဲ့ ဒရမ်မာ အသစ်လေး လာပါပြီ။ Moon lovers ကနေစလို့ မတူကွဲပြားတဲ့ ဇာတ်ရုပ်တွေကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ပြခဲ့တဲ့ ဂန်ဟာနူးက ဒီတစ်ခါမှာလည်း တရားရေးအလုပ်သင် အဖြစ်နဲ့ ရိုက်ကူးထားတဲ့အပြင် Heo Sung Tae, Kim Sang Ho နဲ့ Jung Man Shik တို့လို အက်ရှင်ကားတွေ၊ စုံထောက်ကားတွေမှာ နာမည်ကျော်တဲ့ မင်းသားကြီးတွေကလည်း အားဖြည့်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... တရားရေးအလုပ်သင် Kim Yo Han က မှင်သေသေမျက်နှာထားနဲ့ အလုပ်ကို ချင့်ချိန်စဉ်းစားလုပ်တတ်သူပါ။ သူများထက် အမြဲ နှာတစ်ဖျားသာပြီး အကွက်ကြိုရွှေ့တတ်တဲ့ ပြိုင်စံရှား Kim Yo Han တစ်ယောက် သူလျှိုအဖြစ်နဲ့ စုံစမ်းရေးလုပ်ရင်းကနေ ထင်မှတ်မထားတဲ့ အမှုတစ်ခုမှာ ကြားညပ်သွားပြီး ထောင်ကျသွားခဲ့ရပါတယ်။ အကျဉ်းထောင်ထဲရောက်သွားတဲ့အချိန်မှာလည်း မှင်သေသေမျက်နှာထားကြီးနဲ့မို့ အမြဲ ရန်ရှာခံရပြီး အန္တရာယ်များတဲ့ အခြေအနေတွေနဲ့ပဲ ကြုံရပြန်ပါတယ်။ Kim Yo Han တစ်ယောက် ဒီလိုခက်ခဲနေတဲ့ အနေအထားတွေကနေ ဘယ်လိုရုန်းထွက်မလဲ? အကွက်ကြိုရွှေ့တတ်သူပီပီ ကြုံတောင့်ကြုံခဲ ရလာတဲ့ အခွင့်အရေးတွေကို ဘယ်လိုအသုံးချမလဲဲ? Action, Thriller ကားတွေကိုမှ ကြိုက်နှစ်သက်ကြတယ်ဆိုရင်တော့ ဒီ ဒရမ်မာလေးကို အပတ်တိုင်း မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးနော်။ (အညွှန်းကိုတော့ Khine Khine Wai က ရေးပေးထားပါတယ်။) Aired: June 08, 2022 -- Aired On: Wednesday & Thursday Genres: Action, Drama, Thriller Duration: 1hr Episodes: 16 Original Network: JTBC, Viki File Size: 1080p(~1GB) & 720p(~370MB) Translated by Ei Phyu Khin , Khine Khine Wai, Win & Hnin Pale Encoded by Kinnov
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
June 9, 2022
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.6 / 10
Director
Min Yeon-hong