
Halo ဆိုတာ ဒီမှာတော့လူသိနည်းလောက်ပေမယ့် တခြားနိုင်ငံတွေမှာ တော်တော်ကြီးအောင်မြင်ခဲ့တဲ့ Sci-fi ဂိမ်းစီးရီးဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်အတော်ကျယ်ပြန့်ခိုင်မာတာမို့ live action ဇာတ်လမ်းတွဲအဖြစ်ပြန်ပုံဖော်ခံရတာ ကွက်တိပဲလို့ပြောရမှာပါ။1883, Mayor of Kingstown တို့လိုအမိုက်စားစီးရီးတွေထုတ်ထားတဲ့ Paramount + ကဆိုတော့ အပြင်အဆင်အထူးပြုလုပ်ချက်ပိုင်းတွေ ရုပ်ရှင်ကားကြီးလိုဖြစ်နေမှာပြောစရာမလိုပါဘူး။ အပိုင်း ၉ ပိုင်းရှိပြီး တစ်ပတ်တစ်ပိုင်း ပြသသွားမှာဖြစ်ပါတယ်။ Halo အကြောင်းပြောရင် Master chief အကြောင်းကစပြောရမှာပါ။The witcher က Geralt၊ The mandalorian က Din Jarin တို့လို Halo မှာလည်း အပိုစကားတွေမပြောပဲ မျက်နှာမပြပဲ ပွဲကြမ်းတဲ့ master chief ခေါ် John-117 ရှိပါတယ်။ကလေးဘဝကတည်းက စူပါတပ်သားဖြစ်လာအောင် သင်တန်းပေး စမ်းသပ်ခံခဲ့ရသူတစ်ယောက်ပါ။Spartan လို့ခေါ်တဲ့ ထိုအထူးတပ်သားတွေကိုဖန်တီးရာမှာ စမ်းသပ်မှုဒဏ်တွေကို လူနည်းစုသာခံနိုင်ပြီး အသက်ရှင်နိုင်ပါတယ်။ Covenant ဆိုတဲ့ ဂြိုလ်သားမျိုးနွယ်အင်ပါယာကြီးဟာ Forerunner လို့ခေါ်တဲ့ရှေးဦးဂြိုလ်သားတွေဖန်တီးခဲ့တဲ့ Halo ယန္တရားကြီးတွေကို ထိန်းချုပ်နိုင်ဖို့ကြိုးစားရာမှ လူသားမျိုးနွယ်နဲ့ covenant စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး Master chief ဦးဆောင်တဲ့ Spartan တပ်သားတွေဟာ covenant တွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ File size…(1.37 GB)/ (700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….60 Min Episode - 9 (weekly) Genre...Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
March 24, 2022
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.4 / 10
Director