
Young Hearts (2024) IMDb Rating (8.0) / Rotten Tomatoes (100%) အချစ်ဦးဟာ ပန်းရနံ့သင်းသင်းလိုပဲတဲ့။ ငယ်ဘ၀ရဲ့ ဦးဆုံးရင်ခုန်သံကို လူတိုင်းအတွက်တော့ တော်ရုံမေ့နိုင်ကြမှာမဟုတ်ဘူး။ ဒါပေမဲ့ အီလီရတ်စ် ဘ၀မှာတော့ အဲ့ရင်ခုန်သံကိုဖြစ်ပေါ်စေတဲ့သူက မိန်းကလေးတစ်ဦးမဟုတ်ပဲ ကောင်လေးတစ်ဦးဖြစ်နေခဲ့တယ်။ လှိုင်းတွန့်တွန့်ဆံနွယ်တိုတွေ၊ ပိန်ပိန်ပါးပါးကိုယ်ခန္ဓာနဲ့ နှစ်သက်ဖို့ကောင်းအောင်ပြုံးတတ်တဲ့ကောင်လေးက အီလီရတ်စ်တို့ဘေးအိမ်ကို ပြောင်းလာခဲ့တဲ့ အိမ်နီးချင်းအသစ်လေး။ စာအုပ်တွေ၊ ပုံပြင်တွေထဲမှာသာဖတ်ရတဲ့ အချစ်ဆိုတဲ့အရာကြီးက အီလီရတ်စ်တို့အရွယ်လေးတွေအတွက် ဆန်းပြားတဲ့အရာတစ်ခုဆိုပေမဲ့ မြီးကောင်ပေါက်အရွယ် ယောကျာ်းလေးတွေထုံးစံအတိုင်း ရွယ်တူကောင်လေးတစ်ယောက်ကို ချစ်ကြောင်းပြရမှာ သိမ်ငယ်တဲ့ အီလီရတ်စ်အတွက်က ၀န်ထုပ်၀န်ပိုးတစ်ခုနဲ့ မခြားတော့ဘူး။ အမှား၊ အမှန်ကို ကောင်းကောင်းမခွဲခြားတတ်၊ ကမ္ဘာကြီးကို ထိတွေ့မှုနည်းသေးတဲ့ အရွယ်မှာ အီလီရတ်စ်က သူ့ခံစားချက်တွေကိုသူပြန်ကြောက်မိလာတယ်။ မိသားစု၀င်တွေ၊ သူငယ်ချင်းတွေ၊ ဘေးလူတွေအမြင်ကို ဂရုစိုက်တတ်တဲ့ အီလီရတ်စ်က ဒီအရာကို ဘယ်လိုများဆက်ရင်ဆိုင်သွားမလဲဆိုတာကိုတော့ ကြည့်ရှု့လိုက်ကြပါနော်။ အမှန်ဆိုရင်တော့ ဒီကားက သာမန်အချစ်ကားလေးပါပဲ။ ဒါပေမဲ့ ပုံမှန်ယောကျာ်းမိန်းမကြားက အချစ်မျိုးမဟုတ်ပဲ ပုံသွင်းမခံရသေးတဲ့ ဆယ်ကျော်သက်ကောင်လေးနှစ်ဦးရဲ့ ငယ်ရွယ်ပျိုမြစ်သောနှလုံးသားနှစ်စုံအကြောင်းကို နူးနူးညံ့ညံ့လေးပုံဖော်ပြသထားခြင်းပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:39:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phu Thet Khin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |