
ဒီဇာတ်လမ်လေးတော့ အိမ်ထောင်ရေးအကြောင်းကိုဟာသDrama အဖြစ်နဲ့ ရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်.. မာတင်နဲ့ ဒါရာတို့ဟာ အိမ်ထောင်ကျခါစမှာတော့ ချစ်ခင်ခင်နဲ့ အစစအရာရာ အဆင်ပြေသာယာနေခဲ့ပါတယ်.. ဒီလိုနဲ့ အိမ်ထောင်သက် ၁၀နှစ်လောက်ကိုရောက်လာတဲ့အချိန်မှာတော့သူတို့ရဲ့ ဆက်ဆံရေးအခြေနေတွေက ညားခါစကလိုမျိုး မဟုတ်တော့ပါဘူး. အိမ်ထောင်ရေးဖောက်ပြန်တာမျိုး တခြားပြဿနာမျိုးတွေရှိနေတာမျိုး မဟုတ်ဘဲပုံမှန်ဆက်ဆံရေးမှာဆိုရင် နွေးနွေးထွေးထွေးနဲ့ အဆင်ပြေနေပေမဲ့ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် လက်ထပ်ပြီးခါစကလိုမျိုး စိတ်အားထက်သန်မှုတွေမရှိတော့ဘဲနဲ့ တစ်ယောက်အပေါ်တစ်ယောက် တပ်မက်မှုမရှိတော့သလို ဖြစ်လာကြတာပါ. ဒါကြောင့်မို့ တစ်အိမ်တည်းနေပြီး အတူတူအိပ်ကြတဲ့ လင်မယားဖြစ်ပေမဲ့လိင်မဆက်ဆံဖြစ်ကြတာ လနဲ့ချီအောင် ကြာလာကြပါတယ်. လိင်ဆက်ဆံတယ်ဆိုတာ အိမ်ထောင်ရေးတစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုလို့လူတော်တော်များများက လက်ခံယူဆထားကြတာပါ.. ဒါကြောင့် သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုလိုအပ်နေသလိုမျိုးခံစားလာရတဲ့အတွက် တစ်ယောက်အပေါ်တစ်ယောက်ပြန်ပြီးတော့ လိုချင်တပ်မက်စိတ်ရှိလာအောင် မျှားနတ်မောင်ဆေးခန်းဆိုတဲ့ စုံတွဲတွေ ပြန်အဆင်ပြေအောင် လုပ်ပေးတဲ့ဆေးခန်းတစ်ခုဆီကို သွားခဲ့ကြပါတယ်.. အပြန်အလှန် ငြီးငွေ့သလိုမျိုး ဖြစ်လာကြတဲ့ မာတင်နဲ့ ဒါရာတို့ စုံတွဲအနေနဲ့အဲဒီဆေးခန်းနဲ့ အတွေ့မှာ အဆင်ပြေသွားကြမလား …. ဆေးခန်းဘက်ကရောသူတို့ကို ဘယ်လိုဝန်ဆောင်မှုမျိုးတွေ လုပ်ပေးမလဲဆိုတာကိုဟာသနှောပြီးတော့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်.. အရမ်းကို ရယ်မောရမဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့်မို့ဟာသရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်.. File Size… (1.23 GB) / ( 702 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 37m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by okka
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.23 GB | Download | |
| 1080p | 1.23 GB | Download | |
| 1080p | 1.23 GB | Download | |
| 1080p | 1.23 GB | Download | |
| 720p | 702 MB | Download | |
| 720p | 702 MB | Download | |
| 720p | 702 MB | Download | |
| 720p | 702 MB | Download | |
| 720p | 702 MB | Download |