
The Stranger by the Beach (2020) ———————————– MyAnimeList – 7.8/10 IMDb – 7.2/10 Anime ကိုမှ BL လေးတွေ ကြည့်ချင်ကြတဲ့ လူတွေရှိကြလား မသိဘူး…..။ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ CM ကနေ ၂၀၂၀ က ထွက်ရှိထားတဲ့ BL Anime Movie လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေက ကျွန်းတစ်ကျွန်းပေါ်က ကောင်လေးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Mio ဆိုတဲ့ ကောင်လေးဟာ သူ့အမေဆုံးသွားပြီးတဲ့နောက် တစ်ယောက်တည်းကျန်ခဲ့ပြီး ပင်လယ်ကမ်းခြေနားက ခုံရှည်လေးမှာ အမြဲတမ်း လာထိုင်နေတတ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း သူ့ကို စောင့်ကြည့်နေတတ်တဲ့ ကောင်လေးတစ်ယောက်ရှိပြီး သူ့နာမည်ကတော့ Shun တဲ့။ Shun ဆိုတဲ့ စာရေးဆရာလေးက အဲဒီကမ်းခြေနားက အိမ်တစ်အိမ်မှာနေရင်း အမြဲတမ်း တစ်ယောက်တည်း ထိုင်နေတတ်တဲ့ Mio ကို ကြည့်ပြီး စိတ်ဝင်စားနေခဲ့တာပါ။ ဒီလိုနဲ့ပဲ စကားသွားပြောကြည့်လိုက်တော့ တစ်ယောက်နဲ့တစ်ယောက် ခင်လာကြမယ့် တစ်ရက်မှာ Mio က ကျွန်းမကြီးပေါ်ကို သွားတော့မယ်ဆိုပြီး ပြောလာခဲ့ပါတယ်။ အဲဒီလိုနဲ့ နှစ်တွေလတွေကြာပြီး ပြန်ရောက်လာခဲ့တဲ့အခါမှာတော့ သူက Shun ကို ဖွင့်ပြောခဲ့ပြီး Shun နဲ့ တစ်အိမ်ထဲမှာ အတူနေဖို့ ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ Shun က အရင်ကတည်းက လိင်တူကြိုက်တဲ့သူ တစ်ယောက်ဖြစ်ပေမယ့် Mio က သူ့ကို ဖွင့်ပြောခဲ့တဲ့အခါမှာတော့ မယုံနိုင်ဖြစ်ပြီး ဝေ့လည်ကြောင်ပတ် လုပ်နေခဲ့တာပေါ့။ ဒီလိုနဲ့ တစ်ရက်မှာ Shun ရဲ့ အိမ်ကနေ သူ့ကို ပြန်ခေါ်ဖို့ ရောက်လာခဲ့တဲ့အခါ…. အမြဲတမ်း အထီးကျန်ပြီး တစ်ယောက်တည်းဖြစ်နေတဲ့ Mio ကို Shun က ပြန်ကြိုက်နိုင်ပါ့မလား၊ Shun ကရော ဘာလို့အိမ်ကနေ ထွက်ပြေးလာခဲ့တာလဲ၊ မိသားစုကိစ္စတွေ ပါဝင်လာတဲ့အခါ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကရော လှလှပပနဲ့ အဆုံးသတ်နိုင်ပါ့မလားဆိုတာကို စောင်ကိုက်ပြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ Hibari Studio ကနေ ထုတ်လုပ်ပေးထားတာဖြစ်ပြီး Animation လေးကလည်း တကယ့်ကို လှတဲ့အပြင် ဇာတ်ဆောင်နှစ်ယောက်ရဲ့ Chemistry ကလည်း အမိုက်စားမို့လို့ BL ကြည့်ရတာကြိုက်တဲ့ လူတွေအနေနဲ့ လုံးဝကို လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်….။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ttmuswe ပဲ ဖြစ်ပါတယ်) File size… 530 MB / 280 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 59m Genre ….. Anime, Drama, Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by ttmuswe
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 530 MB | Download | |
| 1080p | 530 MB | Download | |
| 1080p | 530 MB | Download | |
| 720p | 280 MB | Download | |
| 720p | 280 MB | Download | |
| 720p | 280 MB | Download | |
| 720p | 280 MB | Download |