
စင်ပေါ်မှာ မြူးကြွသံစဉ်တွေနဲ့ တစ်ပွဲပြီးတစ်ပွဲ ပရိတ်သတ်တွေကိုဖျော်ဖြေလာတဲ့ ဂျက်ဆန်မိန်း စင်ပေါ်မတက်ခင် backstage မှာ တစ်ပတ်လောက်ကလဲ ကစ်တတ်သေး ပိုင်ဆိုင်မှုမြောက်မြားစွာရှိပေမယ့် ဘဝမှာ အဓိပ္ပာယ်ရှိတဲ့တစ်စုံတစ်ရာကို မေ့ပျောက်နေခဲ့ တဲ့ဂျက်ဆန်မိန်း သူ့အတွက် အိမ်ဆိုတာ မရှိဘူး စွဲလန်းမက်မောမှု ဆိုတာလဲ မရှိဘူး သူ့မှာရှိတာ ဂစ်တာ သူသိတဲ့ သူ့အပေါ်သစ္စာရှိတဲ့ ဒီဂစ်တာတွေပေါ်မှာပဲ သွယ်လျတဲ့ လက်ချောင်းလေးတွေတင်ပြီး ဂီတကို ကွန့်မြူးလာခဲ့တဲ့ဂီတဂုရုတစ်ယောက် လောကကြီးက တရားပါတယ် သင်မသိလိုက်တဲ့ အချိန်လေးတွင်းမှာ သင့်အတွက် ရွေးချယ်စရာတွေ ပေးနှင့်ပြီးသားပါ ကံကြမ္မာ အလှည့်အပြောင်းကြောင့် သာမည ဘားလေးတစ်ခု မှာ သိပ်လှတဲ့ စွမ်းအင်တစ်ခု သူသွားတွေ့မိတယ် ကိုယ်တိုင်က အံ့မခန်းသြချရတဲ့ သီချင်းတွေ ဆိုလာတဲ့ မုတ်ဆိတ်ထူလပျစ်နဲ့ ဂျက်ဆန်မိန်းကြီး အခုကျစကားတစ်ခွန်းတောင် မဟနိုင်တော့ပါလား သူ့ဘဝမှာဒီလိုဖြစ်တာ ဒါပထမဆုံးလို့တောင်ပြောရမယ် သူ့ကိုစီးမြောအောင် လုပ်သွားတဲ့ အဲ့စွမ်းအင်နုနုလေးက အယ်လီ လေ ပါရမီရှိပေမယ့် ယုံကြည်မှုမရှိလို့ ဘားမှာအဆိုကျော် လုပ်ရတဲ့အယ်လီလေး ဂျက် စိတ်ထဲမှာဆွဲခေါ်ချင်စိတ်တွေ တဖွားဖွားဖြစ်လာတယ် ပတ္တမြားမှန်ရင်တော့ နွံမနစ်စတမ်းပါ အယ်လီ့ကို ယုံကြည်မှုလေးထားတတ်ဖို့ သူလုပ်လိုက်နိုင်ခဲ့တယ် တချိန်က အဖော်မဲ့နေတဲ့ သူ့ဂစ်တာနဲ့ စင်ထက်ကမိုက်လေးမှာ အခုတော့ နတ်မိမယ်လေးကအဖော်အဖြစ်နေပေးပြီလေ ဂျက်ဘဝမှာ အဓိပ္ပာယ်ရှိတဲ့ဝန်းကျင်လေးတစ်ခု တဖန်ပြန်ခံစားလိုက်ရတယ် စွမ်းအားပြင်းတဲ့ ဂီတအသံလှိုင်းလေးတွေကပဲ သူတို့နှစ်ယောက်အတွက် အချစ်ဆိုတဲ့ ရင်သွေးလေးကိုမွေးဖွားပေးလိုက်ပြီလေ ဂျက်ဆန်အသဲနင့်အောင်ချစ်မိသွားပြီ အယ်လီဆိုသူ့ထက်တောင်ပိုမလားပဲ အပွဲပွဲနွှဲခဲ့တဲ့ ရလဒ်ကြောင့် ဂျက်ဆန် ဆေးရော အရက်ပါဆွဲနေခဲ့ပြီ တဖက်မှာ လဲ အယ်လီက လေသလပ်လိုက်တဲ့ မီးခဲလို သူမအောင်မြင်မှုကလဲဟုန်းဟုန်းတောက်ပဲ မထင်မှတ်တာတွေက ကိုယ်မထင်ထားတဲ့ အချိန်မှ ဖြစ်တတ်စမြဲပဲလေ အချစ်ဆိုတဲ့ရသ ဂီတရဲ့ ဝိညာဉ်ကို အကောင်းဆုံးဖော်ကျူး ထားတဲ့ ကားလေးလို့ မြင်မိပါတယ် ဂျက်ဆန်မိန်းတဖြစ်လဲ Bradley Cooper အယ်လီတဖြစ်လဲ Lady Ga Ga ကသရုပ် ဆောင်ပေးထားပါတယ် အခွီကားတွေပဲအရိုက်များတဲ့ Cooper တစ်ယောက် အခုတော့ အဆွေးသီချင်းတွေ ဆိုတဲ့ဂစ်တာသမားကြီးကိုဖြစ်လို့ Lady Ga Ga ကတော့ ပြောစရာလိုမယ်မထင် ဒီကားလေးမှာ အထွေထူးပြောချင်တာတော့ တစ်ခုပဲရှိပါတယ် အဲ့ဒါက သီချင်းတွေပါ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ် သူတို့ နှစ်ယောက်ရဲ့ တွယ်တာမှု အတိမ်အနက် ဘယ်လောက်ရှိလဲ ဆိုတာ သီချင်းတွေကပဲ ဖော်ကျူးထားတာပါ သီချင်းတွေကအပုဒ် တိုင်းကိုကောင်းပါတယ် အခုလိုကားမျိုးတွေ ကျနော်အကြည့်နည်းလို့လားတော့မသိဘူး သီချင်းနဲ့ပေးချင်တဲ့ message သရုပ်ဆောင် နှစ်ယောက်ရဲ့ acting ပိုင်း အံဝင်ခွင်ကျ အတော်လေး ဖြစ်တယ်လို့ မြင်မိပါတယ် တစ်ယောက်တည်း နားကြပ်တပ်အသံကုန်ဖွင့် ကြည့်မယ်ဆို ကျက်သီးပါ ထအောင်ကောင်း တဲ့ ကားမျိုးပါ ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင် က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ် စာသား အမှားများ ဘာသာပြန်အမှားများ ရှိပါက နားလည် ဖြည့်စွတ် ကြည့်ပေးကြပါလို့
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |