
Channing Tatum ဆိုတဲ့ဘဲကြီးဆို မသိတဲ့သူ မရှိလောက်ပါဘူး။ ဒီဘဲကြီး ငယ်စဉ်ကရိုက်ခဲ့တဲ့ အကဖက်စပ် လူငယ်ကားတွေပေါ့။ ဒီကားက Step up Franchise ရဲ့အစပါ။ ၂၀၀၀ ခုနစ်ကနာမည်ကြီးခဲ့တဲ့ teenage ကားတွေထဲကတစ်ခုပေါ့။အမေရိကန်အကရုပ်ရှင်တွေရဲ့ ခေတ်ကဒီကားတွေက စတာပေါ့။အကကြိုက်တဲ့သူတွေ၊ အကအခုန် ဝါသနာ ကြီးသူတွေတော့ လက်လွှတ်မခံသင်တဲ့ ဇာတ်ကားတွေပါပဲ။ မင်းသမီး Jenna Dewan ဆိုတာကလည်း ခန္ဓာကိုယ်အချိုးအစား ပြေပြစ်တဲ့သူမို့ သူ(မ)ရဲ့ ရင်ခုန်စရကကွက်လေးတွေနဲ့တင် ဇာတ်ကားကကြည့်ရတာတန်နေပါပြီ။ ပထမကားရဲ့အစကတော့ ဒီလိုပါ။ တစ်ကားစီဖြတ်ကြည့်လို့ရပေမဲ့ ဇာတ်လမ်းအားလုံးကို ကြည့်ထားတာ အကောင်းဆုံးပါ။ဖြစ်နိုင်ရင် အစဉ်လိုက်ကြည့်ဖို့ recommend ပေးပါတယ်။ ပထမဆုံးအနေနဲ့ မယ်ရီလန်းအနုပညာကျောင်းက မြို့ထဲကကျောင်းကြီး တွေထဲက တစ်ကျောင်းပါ။အဲ့ကျောင်းမှာ တက်နေတဲ့ ကျောင်းသူမလေး နိုရာကတော့ အကကိုဝါသနာပါပြီး ဘဝတစ်ခုလုံး ရင်းနှီးပုံအပ်ထားတဲ့ စိတ်အားထက်သန်တဲ့ အကကျောင်းသူလေးပေါ့။သူ(မ) သူ(မ)အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ကျောင်းရဲ့ Senior Showcase မှာ အကောင်းဆုံး ဖျော်ဖြေတင်ဆက်နိုင်ဖို့ အားခဲနေတာပါ။တစ်ဖက်က တိုင်လာကတော့ သူငယ်ချင်းတွေနဲ့ လမ်းမထက်မှာ ပျော်ပါးအချိန်ကုန် ဖြတ်သန်းနေရင်း အကပညာမှာပါရမီပါလာတဲ့ အညတရသားလေးပါ။သူတို့နှစ်ဉီးရဲ့ ဇာတ်လမ်းကတော့ သူ့သူငယ်ချင်းတစ်စုနဲ့ မယ်ရီလန်းကျောင်းပိုင် ပစ္စည်းတွေကို ဖျက်ဆီးကျောင်းထဲခိုးဝင် လက်သရမ်းမြူးထူးမှု ဖြစ်ရပ်ကနေ စတင်ခဲ့ပါတယ်။ တရားရုံးကနေ ပြစ်ဒဏ်ချမှတ်ခံရပြီး လူမှုအကျိုးဆောင်အနေနဲ့ တိုင်လာ မယ်ရီလန်းကျောင်းမှာ နာရီ ၂၀၀ ကျောင်းပြုပြင်သန့်ရှင်းရေး ဆောင်ရွက်ရပါတယ်။ စိတ်ပါလက်ပါ သွက်သွက်လက်လက်ကပြ လေ့ကျင့်နေတဲ့ နိုရာကို အမြဲကြည့် နေတတ်သူ တိုင်လာနဲ့၊ လူစားထိုးဖို့ လူမရှိရာက သင့်တော်တဲ့သူမတွေ့တဲ့ အဆုံး လေ့ကျင့်သူနေရာမှာ ရွက်ပုန်းသီးလေးတိုင်လာ လူစားထိုးဝင်ပေးရာက ... File size…1.77GB / 746MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Crime , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7 GB | Download | |
| 720p | 746 MB | Download | |
| 1080p | 1.7 GB | Download | |
| 720p | 746 MB | Download |