
An Unforgettable Year – Autumn(2023) ************************************* ဆောင်းဦးရာသီမှာ ဖြစ်ပျက်လေ့ရှိတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုကိုရိုက်ကူးပြထားတဲ့ ဘရာဇီးကားလေးပါ။ ဇာတ်လိုက်ဖြစ်တဲ့ ကောင်လေးနဲ့ ကောင်မလေးဟာ ဘဝဖြတ်သန်းပုံချင်း၊ ရည်မှန်းချက်ချင်းမတူဘဲ ဆုံဆည်းခဲ့ရပုံလေးကိုမြင်တွေ့ရမှာပါ။ ဘာလို့ဆို ကောင်လေးက ဂီတမှ ဂီတ အရူးအမူးဖြစ်နေပြီး ဘဝကို သီချင်းနဲ့ပဲဖြတ်သန်းဖို့ စိတ်ကူးထားသူပါ။ လူငယ်ပီပီ ပေါ့ပေ့ါပါးပါး လွတ်လွတ်လပ်လပ် ပျော်ပျော်နေတတ်ပြီး အိပ်မက်တစ်ခုနောက်လိုက်နေသူပေါ့ ကောင်မလေးကျတော့ ဂီတကို လုံးဝမကြိုက်တဲ့အပြင်နာကျည်းနေပါသေးတယ်။ နာကျည်းတာကလည်း အကြောင်းအရင်းတော့ရှိပါတယ်။ ပြီးတော့ ကောင်မလေးစိတ်ဝင်စားတာကတော့ သေချာရေရာတဲ့ ရှေ့နေအလုပ်။ ဒီအလုပ်ကို ရဖို့အတွက် ဘာမဆို ဘေးဖယ်ပြီး ကြိုးစားလွန်းသူလေးပါ။ ကံကြမ္မာကြောင့်ပဲ သူတို့ နှစ်ယောက် ဆောင်းဦးရာသီလေးတစ်ခုမှာ ဘယ်လိုတွေ့ဆုံကြုံကွဲရမလဲဆိုတာ သီချင်းလေးတွေလိုက်နားဆင်ရင်း ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ။ File Size :(2.3GB)& (930MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:42:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae